ဒီမင်းသားတွေဟာ နာမည်ကျော်စတားတွေဖြစ်ပြီး အလုပ်တွဲလုပ်လို့ ကောင်းသူတွေလို့ ကိုရီးယား ဒါရိုက်တာတွေက သတ်မှတ်ထားခဲ့တာလို့ သိရပါတယ်။
Kim Soo Hyun
Kim Soo Hyun ဟာ ဒါရိုက်တာတွေရဲ့ ဦးစားပစ်မှတ်ထဲမှာ ပါဝင်သူတစ်ယောက်ပါ။ သူဟာ ပရိသတ်ကို ဆွဲဆောင်နိုင်ယုံမက အရည်အချင်းရှိလွန်းသူအဖြစ် ဒါရိုက်တာတွေ သတ်မှတ်ထားခဲ့ကြတာပါ။
Park Seo Joon
အလုပ်တွဲလုပ်လို့ ကောင်းသူအဖြစ် သတ်မှတ်ခံထားရတဲ့အထဲမှာ Park Seo Joon လည်းတစ်ယောက်ပါပဲ။ ဒါကြောင့် Park Seo Joon ဟာနောက်ပိုင်းမှာ ဇာတ်လမ်းတွေ တောက်လျှောက်ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။
Hyun Bin
ကိုရီးယားဒါရိုက်တာတွေရဲ့ ဦးစားပေးပစ်မှတ်စာရင်းထဲ Hyun Bin လည်းပါဝင်ပါတယ်။ CRASH LANDING ON YOU ပြီးနောက် ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေအများအပြားဟာ Hyun Bin ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
Park Bo Gum
Visual ဖြစ်လွန်းတဲ့မင်းသားလို့ သတ်မှတ်ခံထားရတဲ့ Park Bo Gum ဟာလည်း ကိုရီးယားဒါရိုက်တာတွေ သဘောတွေ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *