K pop

■ EXO အဖွဲ့ဝင်တွေနဲ့ ဝေးနေတဲ့အခါ Baekhyun ဘယ်လိုခံစားရသလဲ

– – – သူဟာ တစ်ကိုယ်တော် ရိုက်ကူးရေးလုပ်ရလို့ ဂုဏ်ယူမိပေမယ့် အချိန်ကြာလာတာနဲ့အမျှ EXO အဖွဲ့ဝင်တွေကို လွမ်းလာတယ်လို့ ချစ်စဖွယ် ဖွင့်ဟသွားခဲ့တာပါ။

iHeartRadio နဲ့ အင်တာဗျူးအစီအစဉ်မှာ EXO အဖွဲ့ဝင် Baekhyun က သူ့အနေနဲ့ EXO အဖွဲ့ဝင်တွေ မပါဘဲ တစ်ယောက်တည်း ရိုက်ကူးရေး ပြုလုပ်ရတဲ့အခါ ဘယ်လောက်အထိ အထီးကျန်သလဲဆိုတာကို ဖွင့်ဟသွားခဲ့ပါတယ်။

Baekhyun ဟာ TIRTIR Brand အတွက် ကြော်ငြာရိုက်ကူးမှု ပြုလုပ်ခဲ့တုန်းက အတွေ့အကြံကို ပြန်လည်မျှဝေသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဂုဏ်ယူမိပေမယ့် EXO အဖွဲ့ဝင်တွေ ဝေးရာမှာ ကြာကြာမနေနိုင်ဘူးလို့ ဆိုခဲ့တာပါ။

“ကျွန်တော် တစ်ကိုယ်တည်း ရိုက်ကူးရေး ပြုလုပ်ခဲ့တာပါ။ ရိုးရိုးသားသားပြေရင် အစမှာတော့ ကျွန်တော့် ခံစားချက် ကောင်းမွန်ပါတယ်။ တစ်ကိုယ်တည်း ကြော်ငြာရိုက်ကူးရတဲ့အတွက် ဂုဏ်ယူမိပါတယ်”လို့ Baekhyun က အစပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ အချိန်ကြာလာနဲ့အမျှ EXO အဖွဲ့ဝင်တွေကို လွမ်းလာတယ်လို့ Baekhyun က ဆိုပါတယ်။ “ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်ကိုယ့်ဘာသာ ဘာပဲလုပ်နိုင်လုပ်နိုင်၊ ကျွန်တော့်ရဲ့ အဖွဲ့ဝင်တွေကို အရမ်းလွမ်းပါတယ်။ အိမ်ကိုပဲ ပြန်ချင်တယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော်တို့တွေဟာ အတူတူစား၊ အတူတူကစားပြီး ရိုက်ကူးရေး လုပ်ခဲ့ကြတာ။ တစ်ခါတုန်းက ရိုက်ကူးရေး ပြီးတဲ့အခါ ကျွန်တော်တို့ ဂိမ်းတောင် အတူတူဆော့ခဲ့ကြသေးတယ်။ အဲဒီအရာတွေကို ကျွန်တော် အရမ်းကြိုက်တယ်”
-Baekhyun

့ EXO အဖွဲ့ဝင်တွေရဲ့ ဝေးရာမှာ ကြာကြာမနေနိုင်သူ Baekhyun ရဲ့ ဖွင့်ဟချက်ကို EXO-L တွေကလည်း သဘောကျခဲ့ကြပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page