K pop

■ မိသားစုမှာ တစ်ဦးတည်းသော သမီးတွေဖြစ်ကြတဲ့ နာမည်ကျော်အမျိုးသမီး K-pop Idol (၅)ဦး

– – သူမတို့မှာ တစ်ဦးတည်းသော သမီးတွေဖြစ်ကြပြီး …

K-pop နယ်ပယ် အမျိုးသမီး Idol တွေထဲမှာ တစ်ဦးတည်းသော သမီးတွေရှိကြတဲ့အနက် သူတို့ထဲက (၅) ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

Sana (TWICE)

Sana ကတော့ မိဘတွေရှေ့မှာဆို အခုအချိန်အထိ နွဲ့ဆိုးလေး ဆိုးနေတတ်သူမျိုးဖြစ်ပြီး အဖေရှေ့ရောက်ရင် ကုန်းပိုးချီခိုင်းနေကြ ဖြစ်ပါတယ်။

Jennie (BLACKPINK)

Jennie ဟာ ချမ်းသာတဲ့မိသားစုက မွေးဖွားလာသူဖြစ်ပြီး တစ်ဦးတည်းသောသမီး ဖြစ်ပါတယ်။

Miyeon ((G)I-DLE)

Miyeon ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမှာ မွေးဖွားခဲ့တာပါ။ အဖေဖြစ်သူက သီချင်းကို ကြိုက်နှစ်သက်သူဖြစ်ပြီး မိဘနှစ်ပါးစလုံးက သူမကို ကောင်းကောင်း ထောက်ပံ့ပေးခဲ့ကြပါတယ်။

Lisa (BLACKPINK)

Lisa ကိုတော့ ထိုင်းနိုင်ငံ၊ Buriram Province မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူမဟာ ဘန်ကောက်ကို ပြောင်းခဲ့ပြီး ၃ နှစ်လောက် နေထိုင်ခဲ့ပါတယ်။ BLACKPINK ထဲမှာ သူမနဲ့ Jennie တို့ဟာ မွေးချင်းမရှိကြတဲ့ တစ်ဦးတည်းသော သမီးတွေဖြစ်ကြပါတယ်။

Seohyun (Girls’ Generation)

Seohyun ကတော့ SNSD ထဲမှာ တစ်ဦးတည်းသော သမီးဖြစ်တဲ့ တစ်ဦးတည်းသော အဖွဲ့ဝင်ဖြစ်ပါတယ်။

Ref: Koreaboo

You cannot copy content of this page