K pop

■ ရုပ်ရှင်ဇာတ်ကားတွေမှာ Suga သရုပ်ဆောင်ချင်ဆုံးက ဘယ်လိုပုံစံမျိုးလဲ

– – Suga သရုပ်ဆောင်ချင်တဲ့ပုံစံက ကြောချမ်းချင်စရာတော့ ကောင်းပြီး…

BTS အဖွဲ့ဝင် Suga ဟာ တစ်ခါက ဘယ်လိုရုပ်ရှင်မျိုးမှာ ပါဝင်သရုပ်ဆောင်ချင်သလဲလို့ အမေးခံခဲ့ရာမှာ အံ့အားသင့်ဖွယ်အဖြေပေးခဲ့ဖူးပါတယ်။

“မင်းတို့သာ ရုပ်ရှင်မှာ ပါဝင်ခွင့်ရမယ်ဆိုရင် တစ်ယောက်ချင်းစီက ဘယ်လိုနေရာမှာ သရုပ်ဆောင်ချင်ကြသလဲ”လို့ BTS အဖွဲ့ဝင်တွေက အမေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခါ Suga က သူက အဓိကသရုပ်ဆောင်ဖြစ်မှာ မဟုတ်ကြောင်း၊ သူ့အနေနဲ့ သရဲကားတွေမှာ ပါဝင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီအခါ J-Hope က ဇွန်ဘီပုံစံမျိုး လုပ်ပြပြီး နောက်ခဲ့ပါသေးတယ်။

အဲဒီနောက် BTS အဖွဲ့ဝင်တွေအားလုံးက V ရဲ့သရုပ်ဆောင်မှုကို ချီးကျူးခဲ့ကြပြီး V ဟာ သရုပ်ဆောင်ဘက်မှာ ကြယ်ပွင့်ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref:Koreaboo

You cannot copy content of this page