– – -Jeon So Min ကို EX ကို ဖုန်းမဆက်မိအောင် နောက်ဆုံးမှာ ဒီနည်းလမ်းကို အသုံးပြုခဲ့ပြီး…
Jeon So Min နဲ့ Park Sung Hoonတို့ဟာ KBS2 ရဲ့ Heesoo မှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ Elle Korea နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ပရိသတ်တွေသိလိုတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီနေရာမှာ ပရိသတ်တစ်ယောက် မေးတာက ထူးဆန်းပြီး “သောက်ပြီးတဲ့အခါတိုင်း ငါရဲ့ Ex ကို ဖုန်းခေါ်နေမိတုန်းပဲ။ ဒီအမူအကျင့်ကို ဘယ်လိုလုပ်ရမလဲ”လို့ မေးခဲ့ပါတယ်။
ဒီအခါ Jeon So Min ကလည်း သူမရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အကြံပေးခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မ အကြံတစ်ခုလောက်ပေးချင်ပါတယ်။ ကျွန်မအနေနဲ့ အသက် ၂၀ လောက်တုန်းကလည်း ဒီလိုမျိုး ကြုံခဲ့ရဖူးပါတယ်။
သူကိုဖုန်းမခေါ်မိအောင် ကြိုးစားတယ်။ သူ့ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်တယ်။ ဒါပေမဲ့ နံပါတ်က မှတ်မိနေတုန်းဆိုတော့ ဘယ်လိုမှ မသက်သာခဲ့ပါဘူး။ ဒါကြောင့် နောက်ဆုံး သူ့ကို ဖုန်းနံပါတ်ပြောင်းလိုက်ဖို့ တောင်းဆိုခဲ့ပါတယ်”လို့ Jeon So Min က ဆိုခဲ့ပါတယ်။
-Ref: Koreaboo