K pop

■ COVID 19 ကူးစက်ခံရမှုကြောင့် လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တဲ့ Xiumin

—- EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Xiumin ဟာ COVID 19 ကူးစက်ခံရမှုကြောင့် အနုပညာလှုပ်ရှားမှု တွေကို ရပ်တန့်လိုက်တယ်လို့ SM Entertainment ကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လ 5 ရက်နေ့ဟာ EXO-L တွေရဲ့ Happy Birthday ဖြစ်ပေမယ့် Xiumin ရဲ့ သတင်းဆိုး ကြောင့် ပရိသတ်တွေ ဝမ်းနည်းစိုးရိမ်ခဲ့ရပါတယ်။

SM Entertainment က “ သြဂုတ်လ 5 ရက်နေ့က COVID 19 ဆေးစစ်မှုအရ EXO အဖွဲ့ဝင် Xiumin ဟာ COVID 19 ကူးစက်ခံနေရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အရင်တုန်းက Xiumin ဟာ Musical အတွက် လေ့ကျင့်မှုတွေပြုလုပ်စဉ် COVID 19 ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့် မကူးစက် ဘူးလို့ ရလဒ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ သြဂုတ်လ 4 ရက်နေ့မှာ COVID 19 ကူးစက်မှု ရောဂါလက္ခဏာပြခဲ့တာကြောင့် စစ်ဆေးရာမှာတော့ ကူးစက်ခံနေရတယ်လို့ ရလဒ်ထွက်လာခဲ့တာပါ။ ဒါကြောင့် ရလဒ်အနေနဲ့ EXO အဖွဲ့ဝင်အားလုံးနဲ့ ဝန်ထမ်းတွေကို စစ်ဆေးမှုတွေ ပြုပ်လုပ်နေသလို ရလဒ်မထွက်လာခင် သီခြားနေ ထိုင်နေကြပါတယ်။

Xiumin အနုပညာလှုပ်ရှားမှုပြုလုပ်နေတဲ့ ရုပ်သံအစီအစဉ်အားလုံးနဲ့ ဝန်ထမ်းတွေ COVID 19 စစ် ဆေးမှုတွေပြုလုပ်နေသလို Xiumin ဟာလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကို ခေတ္တခဏ ရပ်ဆိုင်းလိုက်ပါပြီ။ Xiumin အကောင်းဆုံးပြန်ကျန်းမာလာအောင် လမ်းညွှန်ချက်တွေအတိုင်း ကျွန် တော်တို့အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ ကြေညာခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page