—- ဒါကြောင့်လည်း Chanyeol ဟာ EXO-L တွေရဲ့ အချစ်တော်လေး တစ်ဦးဖြစ်နေတာပါ…
EXO-L တွေ သိပါတယ်။ သြဂုတ်လ 5 ရက်နေ့လေးဟာ ဘာနေ့လေးလည်းဆိုတာကို…ဟုတ်ပါ တယ်။ EXO-L ဆိုပြီး အကြီးဆုံး Fandom တွေထဲက တစ်ခုဖြစ်လာဖို့ မွေးဖွားခဲ့တဲ့ နေ့လေးဖြစ်ပါ တယ်။ 7 နှစ်ပြည့် EXO-L မွေးနေ့လေးပါ။
EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chanyeol ဟာ အခုအချိန်မှာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေပေ မယ့် EXO-L တွေရဲ့ မွေးနေ့ကိုတော့ မမေ့ပါဘူး။ သူဟာ သြဂုတ်လ 5 ရက်နေ့ မနက်မှာ EXO-L တွေ ချစ်တဲ့ သူ့ရဲ့ အချစ်ကို ပြသတဲ့အနေနဲ့ စပါယ်ရှယ် ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။
ခေါင်းစဉ်မှာလည်း L-1485 ဆိုပြီး ရေးသားခဲ့ပါတယ်။ Chanyeol ရဲ့ မမေ့တဲ့ ချစ်မေတ္တာနဲ့ပတ်သက်ပြီး EXO-L တွေက “ ကျေးဇူးပါ Chanyeol” ၊ “ မင်းရဲ့ နွေးထွေးမှုနဲ့ တစ်ညတာကို နွေးထွေစေလို့ ကျေး ဇူးတင်ပါတယ်” ၊ “ Thank You EXO…Happy Birthday EXO-L” ၊ “ ဒီလူပေါ့… ရိုးရိုးလေးနဲ့ အ သည်းတွေ ဖမ်းစားတဲ့သူ” ၊ “ သိနေတယ်…EXO-L ရဲ့ နှစ်ပတ်လည်နေ့မှာ Chanyeol တစ်ခုခုလုပ် မယ်လို့” စတဲ့ မှတ်ချက်အချို့နဲ့ ချီးကျူးခဲ့ကြပါတယ်။
-m2t
Ref: Allkpop