Celebrity

■ ထုတ်ကုန်ကြော်ငြာတစ်ခုကို Instagram မှာတင်တာနဲ့ Song Hye Kyo ဝင်ငွေ ဘယ်လောက်ရ သလဲ

— အသက် နောက်ပြောင်ဆွဲနေတဲ့ မင်းသမီးရဲ့ Power က ….

သြဂုတ်လ 4 ရက်နေ့က Mnet ရဲ့ ‘TMI NEWS’ ဟာ ပရိသတ်တွေ ဝိုးဖြစ်သွားစေမယ့် နာမည်ကျော် မင်းသမီး Song Hye Kyo ရဲ့ ကြော်ငြာ Modeling ဝင်ငွေ နဲ့ ထုတ်ကုန်ကြော်ငြာတစ်ခုကို သူမရဲ့ Instagram မှာတင်တာနဲ့ ဝင်ငွေ ဘယ်လောက်ရသလဲဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။

‘TMI NEWS’ ရဲ့ ဖော်ပြချက်အရ 2019 ခုနှစ်မှာ Song Hye Kyo ရဲ့ ကြော်ငြာ Modeling ဝင်ငွေဟာ ဝမ်သန်း 900 (ကန်ဒေါ်လာ 788,187 ဝန်းကျင်)ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီနှစ်အတွင်း သေချာဆုံး သူမရဲ့ ဝင်ငွေဟာ ကြော်ငြာ 4 ခုကနေ ဝမ် 3.6 ဘီလီယံ (ကန်ဒေါ်လာ 3,152,585 ခန့်) ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

Song Hye Kyo ရဲ့ ကြော်ငြာပါဝါဟာ ကြောက်စရာဖြစ်ပြီး BB Cream ထုတ်ကုန်ဆိုရင် အော်ဒါ ရောင်းအား 1 သန်းထိရောက်ရှိနိုင်အောင်စွမ်းဆောင်ပေးနိုင်သူဖြစ်ပါတယ်။ နောက်ပြီး သူအသုံးပြုတဲ့ Lipstick ဆိုရင် တစ်လတည်းနဲ့ 1သိန်း 6 သောင်းကျော် ရောင်းချနိုင်တဲ့အထိပါပဲ။ နောက်ပြီး Song Hye Kyo ရဲ့ ထိရောက်မှု ဒီအထိမဟုတ်သေးဘူးလို့ TMI က ဖော်ပြခဲ့ပါတယ်။

 

 

သူမဟာ ထုတ်ကုန်ကြော်ငြာတစ်ခုကို သူမရဲ့ကိုယ်ပိုင် Instagram မှာတင်တာနဲ့ ဝမ် သန်း 500 (ကန် ဒေါ်လာ 37,774) အထိ သေချာသလောက်ရရှိတယ်လို့လည်း TMI က ဖော်ပြခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page