Celebrity

■ ‘TMI NEWS’ ကထုတ်ပြန်တဲ့ ဈေးအကြီးဆုံး ကြော်ငြာ Modeling စာရင်းမှာ ဘယ်သူ ထိပ်ဆုံးက ရပ်တည်ခဲ့သလဲ

—- ‘TMI NEWS’ ကထုတ်ပြန်တဲ့ ဈေးအကြီးဆုံး ကြော်ငြာ Modeling စာရင်းမှာ ထိပ်ဆုံးက ရပ်တည် ခဲ့သူကတော့…

သြဂုတ်လ 4 ရက်နေ့က Mnet ရဲ့ ‘TMI NEWS’ ဟာ လက်ရှိအချိန် K အနုပညာအသိုင်းအဝိုင်းမှာ ကြော်ငြာ Modeling ခ ဈေးအကြီးဆုံး အနုပညာရှင်စာရင်းတွေကို ဖော်ပြခဲ့ရာမှာတော့ တစ်ကမ္ဘာလုံး ရဲ့ အားပေးမှုကိုရရှိနေတဲ့ BTS အဖွဲ့က ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

‘TMI NEWS’ ရဲ့ ဖော်ပြချက်ရ HYBE ကုမ္ပဏီ Group တည်ထောင်ပြီးနောက်ပိုင်း BTS အဖွဲ့ဟာ Vitamin ကုမ္ပဏီ ရဲ့ ကြော်ငြာမော်ဒယ်လုပ်ခအတွက် ဝမ် 44.5 ဘီလီယံရရှိခဲ့သလို အနှိပ်ထိုင်ခုံ ကုမ္ပဏီအတွက် ကြော်ငြာလုပ်ခ ဝမ် 65.6 ဘီလီယံထိရရှိခဲ့တယ်လို့ သိရပါတယ်။

BTS ရဲ့ ကြော်ငြာခဟာ အခြေခံ တစ်နှစ်စာချုပ်ဆိုရင် ဝမ် 5 ဘီလီယံ (ကန်ဒေါ်လာ 4,372,120) ထိရှိ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အေဂျင်စီဟာ COVID 19 အကျပ်အတည်းတွေကြောင့် BTS ရဲ့ ကြော် ငြာခကို 20 ရာခိုင်နှုန်းလျှော့ယူထားတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

BTS ရဲ့ နောက်မှာ ကြော်ငြာခဈေးအကြီး K အနုပညာရှင်အပါအဝင် နယ်ပယ်ပေါင်းစုံက နာမည်ကြီး စာရင်းတွေကို ဖော်ပြရရင်…

#13 Lee Kwangsoo

#12 Song Hyekyo

#11 Lim Youngwoong

#10 Jo Jungsuk

#9 Jung Haein

#8 Girl’s Day’s Hyeri

#7 Park Seojoon

#6 Park Bogum

#5 Son Heungmin (ကိုရီးယားနာမည်ကျော် ဘောလုံးကစားသမား)

#4 Gong Yoo

#3 Jun Jihyun

#2 Kim Soohyun

#1 BTS

-m2t
Ref: Kstarlive

You cannot copy content of this page