K pop

■ သူတို့နဲ့ အဆင်တူဆုံးတိရစ္ဆာန်လေးတွေကို BLAKCPINK အဖွဲ့ဝင်တွေ အပြန်အလှန် သတ်မှတ်

BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ ဒီတိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ပုံစံနဲ့ တူတယ်လို့ ချစ်စနိုး ဆိုခဲ့ကြတာပါ။ BLACKPINK အဖွဲ့ဝင်တွေဟာ အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားပြီး ထူးချွန်ကြသူတွေဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒါ့အပြင် သူတို့ (၄) ယောက်စလုံးဟာ Visual ဖြစ်လွန်းတယ်လို့လည်း သတ်မှတ်ခံထားရတာပါ။

တစ်ယောက်တစ်မျိုးစီက ကိုယ်ပိုင်စတိုင်နဲ့ ထူးခြားပြီး ဆွဲဆောင်မှု ရှိလွန်းတာပါ။ ဒါကြောင့် သူတို့ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန် ချစ်စနိုး သတ်မှတ်ထားခဲ့တဲ့ အတူညီဆုံး တိရစ္ဆာန်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Lisa

Lisa ကိုတော့ သတ်မှတ်ရလွယ်ကူပါတယ်။ သူမရဲ့ အနက်ရောင်ဆံပင်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံစံကိုကြည့်ပြီး Black Cat လို့လည်း ချစ်စနိုးခေါ်နေကြတာပါ။ Lisa ကို ဘယ်လိုပဲကြည့်ကြည့် ကြောင်နဲ့တူတယ်လို့ပဲ ထင်မှတ်ကြောင်း Jisoo က ဖွင့်ဟခဲ့ဖူးပါတယ်။

Rosé

Rose’ ကိုတော့ BLACKPINK အဖွဲ့ဝင်တွေက ရှဉ့်နဲ့တူတယ်လို့ သတ်မှတ်ထားခဲ့တာပါ။ သူမရဲ့ မျက်နှာသေးသေးသွယ်သွယ်လေးက ရှဉ့်နဲ့ဆင်တူတယ်လို့ Jennie က ပြောဆိုထားခဲ့ပါတယ်။

Jisoo

Jisoo ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံ၊ သွားသေးသေးလေးတွေကြောင့် ယုန်နဲ့တူတယ်လို့ BLACKPINK အဖွဲ့ဝင်တွေက ပြောဆိုထားခဲ့ပါတယ်။

Jennie

Jennie ကတော့ ရွေးချယ်ရအခက်ခဲဆုံးလို့ BLACKPINK အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ BLACKPINK အဖွဲ့ဝင်တွေဟာ Jennie ကို တိရစ္ဆာန်ထဲက မရွေးချယ်ချက်တော့ အစားအစာထဲက ပြောင်းရွေးချယ်ခဲ့ပါတယ်။ “အစားအစာတွေထဲကဆို ဘယ်လိုပဲ။ သူက ပေါက်စီလေးလိုပဲ”လို့ Jisoo က ဆိုခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page