K pop

■ ပထမဆုံး အင်္ဂလိပ်သီချင်းကို ထုတ်ဝေတော့မဲ့ TWICE

– – – TWICE ကတော့ မှတ်တိုင်တစ်ခု စိုက်ထူသွားဖို့ အဆင်သင့်ဖြစ်နေပြီး…

နာမည်ကျော်အမျိုးသမီး K-pop အဖွဲ့ TWICE ဟာ သူတို့ရဲ့ ပထမဆုံး အင်္ဂလိပ်သီချင်းကို ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။

TWICE အနေနဲ့ သြဂုတ်လ (၂) ရက်နေ့မှာ လူမှုကွန်ရက်မှာ တံခါးကြားမှာ စာတစ်စောင်ညှပ်ထားတဲ့ပုံတင်ထားပြီး သီချင်းသစ်ထွက်မဲ့အကြောင်း အရိပ်အမြွက် သဲလွန်စပေးထားခဲ့တာပါ။

သြဂုတ်လ (၆) ရက်နေ့မှာတော့ ပထမဆုံး အင်္ဂလိပ်သီချင်းဖြစ်တဲ့ The Feels ကို မကြာခင် ထုတ်ဝေသွားတော့မှာဖြစ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။

TWICE ရဲ့ Taste of Love ဟာ ကမ္ဘာအနှံ့အပြား ရေပန်းစားခဲ့ပြီး Billboard 200 မှာ အဆင့် (၆) နေရာရပ်တည်နိုင်ခဲ့ပါတယ်။ Rolling Stone‘s album chart မှာလည်း အဆင့် (၆) နေရာရပ်တည်နိုင်ခဲ့ပြီး ထိုးဖောက်နိုင်ခဲ့တာပါ။

ဒါကြောင့် TWICE ဟာ အနောက်တိုင်းဈေးကွက်ကို ထိုးဖောက်ဖို့အတွက် အခုလိုအင်္ဂလိပ်သီချင်း ထုတ်ဝေရတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

You cannot copy content of this page