– – – ဒီဇာတ်လမ်းတွဲတွေက ၂၀၂၁ ခုနှစ်အတွက် လူကြိုက်အများဆုံးလို့ ဆိုနိုင်ပြီး…
AGB Nielsen Media Research ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ်မှာ Rating (၁၅) ရာခိုင်နှုန်းကျော်တာဆိုလို့ ဇာတ်လမ်းတွဲ (၇) ခုရှိတယ်လို့ သိရပါတယ်။
Hospital Playlist 2
Hospital Playlist 2 ဟာ ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်း (၆)မှာ ဆိုးလ်မှာ Rating 15.785% ရရှိခဲ့တာဖြစ်ပြီး nationwide rating အမြင့်ဆုံးကတော့ 13.151% ပါ။
Vincenzo
၂၀၂၁ ခုနှစ်အတွင်း လူကြိုက်အများဆုံး ဇာတ်လမ်းတွဲတွေထဲမှာပါဝင်တဲ့ Vincenzo က နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာ ဆိုးလ်မှာ 16.564% နဲ့ nationwide မှာ 14.636% ရရှိခဲ့ပါတယ်။
Taxi Driver
Taxi Driver ဇာတ်လမ်းတွဲကလည်း Rating မြင့်ပြီး မေလ ၈ ရက်က ထုတ်လွှင့်တဲ့ အပိုင်း ၁၀ ရဲ့ Part 2 မှာ rating (၁၇) ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။
Penthouse 3
Penthouse 3 ကတော့ Rating မြင့်တယ်ဆိုတာပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဇွန်လ (၄) ရက်နေ့မှာ ထုတ်လွှင့်တဲ့ အပိုင်း ၁ရဲ့ Part 2 အတွက် Seoul မှာ ၂၁ ရာခိုင်နှုန်းနဲ့ nationwide မှာ ၁၉.၅ ရာခိုင်နှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။
Penthouse 2
Penthouse 2 ရဲ့ အပိုင်း (၁၂) Part 2 ကလည်း Seoulမှာ 30.6% နဲ့ nationwide မှာ 29.2% အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
Revolutionary Sisters
Revolutionary Sisters ကလည်း ဇွန်လ (၂၇) ရက်နေ့မှာ ထုတ်လွှင့်တဲ့ အပိုင်း (၆၀) အတွက် nationwide မှာ Rating 32.5% အထိရခဲ့ပြီး အပိုင်း ၆၂ အတွက် ဆိုးလ်မှာ 31.6% အထိ ရခဲ့တာပါ။
Homemade Love Story
Homemade Love Story ကတော့ ၂၀၂၁ ခုနှစ်အတွင်း Rating အမြင့်ဆုံး ဇာတ်လမ်းတွဲဖြစ်ပြီး အပိုင်း (၈၀) အတွက် nationwide Rating 33.7% ရရှိခဲ့တာ ဖြစ်ပါတယ်။