K pop

■ BTS သီချင်းနားထောင်ပြီးကမိလို့ စုံစမ်းစစ်ဆေးခံရနေတဲ့ မြောက်ကိုရီးယား ကျောင်းသားတွေ

—- မြောက်ကိုရီးယားကျောင်းသားအချို့ဟာ BTS သီချင်းကို နားထောင်ပြီး ကမိလို့ စုံစမ်းစစ်ဆေးခံ နေရပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ခံရဖွယ်ရှိနေပါတယ်။

မြောက်ကိုရီးယားရှိ ပြုံယမ်းမြို့က ထွက်ပေါ်လာတဲ့သတင်းတွေအရ မြောက်ကိုရီးယား အလယ်တန်း ကျောင်းသားအချို့ဟာ BTS ရဲ့ သီချင်းဖြစ်တဲ့ “Blood, Sweat, & Tears” ကို MP3 နဲ့နားထောင်ပြီး ကနေတာကို မိခဲ့လို့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာတွေ ကမ္ဘာပေါ် ပျံ့နှံ့စီးဆင်းလာတာနဲ့အမျှ အိမ်နီး ချင်း မြောက်ကိုရီးယားနိုင်ငံမှာပါ လွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအာဏာပိုင်တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာတွေကို လိုက်မတုဖို့ ဥပဒေချမှတ်ထားပြီး နိုင်ငံရဲ့ လူငယ်တွေကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ K-pop ရဲ့ လွှမ်းမိုးမှုဟာ မြောက်ကိုရီးယားလူငယ်တွေအကြားမှာ ပျံ့နှံ့နေပြီး အထူးသဖြင့် BTS ရဲ့ သီချင်းတွေကို နှစ်သက်ခဲ့ကြပါတယ်။ သတင်းတွေအရ အဆိုပါ BTS သီချင်းကို နားထောင်ခဲ့ကြတဲ့ မြောက်ကိုရီးယားကျောင်းသားတွေဟာ မြောက်ကိုရီးယားစစ်တပ်တစ်ခုက ဗိုလ်လောင်းလေးတွေဖြစ် တယ်လို့လည်းသိရပါတယ်။

မြောက်ကိုရီးယားမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု၊ အနုပညာတွေနဲ့ သီချင်းတွေကို ပြုလုပ် မယ်ဆိုရင် ထောင်ဒဏ် 5 နှစ်ကနေ 15 နှစ်အထိ ချမှတ်မယ့် ဥပဒေထုတ်ပြန်ထားတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page