— သူမဟာ SM Entertainment မှာ aespa အဖွဲ့ဝင်တွေနဲ့အတူ Training လုပ်ခဲ့ပေမယ့် Debut လုပ်ခွင့်မရ …
အဆိုပါ SM Trainee ဟောင်းတစ်ဦးဟာ Kim Chaehyun ဖြစ်ပါတယ်။ သူမဟာ aespa အဖွဲ့ဝင်အ ဖြစ် Debut လုပ်ဖို့ နီးစပ်ခဲ့သူပါ။ အခုအခါ “Girls Planet 999” ပြိုင်ပွဲမှာ ဝင်ပြိုင်ကာ သူမရဲ့ အိမ်မက် နောက်ကို လိုက်နေသူဖြစ်ပါတယ်။
“Girls Planet 999” ပြိုင်ပွဲ ပထမအပိုင်းမှာ Kim Chaehyun လည်းပါဝင်လာခဲ့ပြီး aespa အဖွဲ့ဝင် တွေဖြစ်တဲ့ Karina ၊ Winter ၊ Ningning တို့နဲ့ အတူလေ့ကျင့်ခန်းဆင်းပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြ ပြီး SM ရဲ့ Trainee ဟောင်းတစ်ဦးဖြစ်လို့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲမှာလည်း Kim Chaehyun က SM မှာ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ နေ့ရက်အကြောင်းတွေကို ပြောခဲ့သလို Showcase မှာ သူငယ်ချင်းတွေဖြစ်တဲ့ aespa အဖွဲ့ရဲ့ သီချင်း “Black Mamba,” ကို Cover Dance ကခဲ့ပါတယ်။
အဲဒီမှာ Kim Chaehyun ကို Master Judge တစ်ဦးဖြစ်တဲ့ Sunmi က “ မင်းအနေနဲ့ သူငယ်ချင်းတွေ က K-pop Idol အဖြစ် Debut လုပ်နိုင်သွားတာကို မြင်မိတော့ ဘယ်လိုခံစားရသလဲ” လို့မေးမြန်းခဲ့ပါ တယ်။
Kim Chaehyun က သူငယ်ချင်းတွေ Debut လုပ်တာမြင်တော့ ကျွန်မလည်း Debut လုပ်ချင်ခဲ့ပြီး “ ရင်ထဲမှာ မီးတောက်တစ်ခု ရှိနေသလို ခံစားရပါတယ်” ပြောခဲ့ပါတယ်။ ထပ်ပြီး Kim Chaehyun က SM မှာ 4 ၊ 5 နှစ် လေ့ကျင့်ခန်းဆင်းလာတဲ့ အချိန်တွေ အလကားဟဿမဖြစ်အောင် ဒီပြိုင်ပွဲမှာ သက်သေပြသွားမှာပါလို့လည်း ပြောခဲ့ပါတယ်။
-m2t
Ref: Koreaboo