— “Crash Landing on You” မှာ ပရိသတ်တွေရဲ့ နှစ်သက်မှုရခဲ့ပြီး ‘Dinner Mate’ မှာ ပရိသတ်တွေကို ဖမ်းစားခဲ့ တဲ့ မင်းသမီး Seo Jihye ရဲ့ ချစ်မှုရေးရာကတော့ . . .
မင်းသမီး Seo Jihye ဟာ 1984 ခုနှစ်ဖွားဖြစ်တာကြောင့် အသက် (၃၇)နှစ်ပြည့် ပြီဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ တောင်ကိုရီးယား မမဆယ်လီတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ သူမဟာ Interview တစ်ခုမှာ သူမရဲ့ Ideal Type နဲ့ ချစ်မှုရေးရာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
“ လက်ရှိအချိန်မှာ ကျွန်မ ဒိတ်လုပ်ချင်ပါတယ်။ ကျွန်မဟာ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသားတစ်ဦးနဲ့ တွေ့ချင်တယ်လို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒီလိုမျိုး RS ကျွန်မ တစ်ခါမှ မချိတ်ခဲ့ဖူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန် မဟာ အတိတ်မှာ ကျွန်မရဲ့ ကောင်းမွန်တဲ့ပုံရိပ်ကိုပဲ ထုတ်ပြဖို့ အလွန်ကြိုးစားခဲ့ပါတယ်။
ဒီနေ့တွေမှာတော့ ကျွန်မရဲ့ မကောင်းတဲ့ပုံရိပ်ကို လက်ခံပေးနိုင်မယ့် အမျိုးသားရှိမလားလို့ ကျွန်မ သိချင်လာပါ တယ်။ ကျွန်မကို အပြည့်အဝနားလည်ပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်ပေ့ါ။ ကျွန်မ ချစ်သလို ကျွန်မကို အပြည့်ပြန်ချစ်နိုင်မယ့် ယောကျာ်းမျိုး။ ဒီလို ယောကျာ်းမျိုးကို ကျွန်မ လက်ထပ်ချင်ပါတယ်။
နောက်ပြီး တီဗီဖန်သားပြင်ထက်မှာ ကျွန်မရဲ့ ကောင်းမွန်တဲ့ပုံရိပ်တင်မဟုတ်ဘဲ ကျွန်မရဲ့ အားနည်းချက်တွေကို လက်ခံပေးနိုင်မယ့်သူမျိုးပါ။ အမြဲတမ်းကြည့်ပြီး ကျော့မော့သပ်ရပ်နေတာက အရေးကြီးတဲ့အရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်မဟာ အိမ်မှာနေရင် ဘယ်တော့မှ မိတ်ကပ်မလိမ်းပါဘူး။
တစ်ခါတစ်လေ အပြင်ထွက်ရင်တောင် မိတ်ကပ်မလိမ်းတာမျိုးရှိပါတယ်။ ကျွန်မဟာ ကိုယ်ကိုယ်တိုင်လည်း မိတ်ကပ်မလိမ်းတတ်သလို မျက်ခုံးမွှေးတောင် လှပအောင် မဆွဲတတ်ပါဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက အခြား Makeup Artist တွေရဲ့ ခြယ်သပေးမှုနဲ့ပဲ အမြဲတမ်းအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်”
-Seo Jihye
-m2t
Ref: Kstarlive