K pop

■ BLINK တွေရဲ့အချစ်ကို ရရှိနေပြီဖြစ်တဲ့ L Family ရဲ့ အဖွဲ့ဝင်သစ်

– — Lisa ကတော့ L Family ရဲ့ အဖွဲ့ဝင်သစ်ကို မိတ်ဆက်ခဲ့တာပါ။

BLACKPINK အဖွဲ့ဝင်Lisa ဟာ တိရစ္ဆာန်လေးတွေကို ချစ်ခင်တတ်သူဖြစ်ပြီး သူမဆီမှာလည်း ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားခဲ့တာပါ။

Lisa ဟာ သူမမွေးထားတဲ့ အချစ်တော်လေးတွေကို Leo, Luca, Lily, Louis, Lego အစရှိတဲ့ နာမည်မှည့်ထားခဲ့တာဖြစ်ပြီး သူတို့အားလုံးကို ခြုံငုံကာ L Family လို့ ခေါ်တွင်စေတာ ဖြစ်ပါတယ်။

သြဂုတ်လ (၇) ရက်နေ့မှာတော့ Lisa ဟာ အဲဒီ L Family ရဲ့ အဖွဲ့ဝင်သစ်ကို မိတ်ဆက်ပေးခဲ့တာပါ။ Lisa ဟာ ခွေးမဲလေးတစ်ကောင်ကို ထပ်မွေးခဲ့တာဖြစ်ပြီး Love လို့ နာမည်ပေးထားခဲ့ပါတယ်။

Lisa တင်ထားတဲ့ ဓာတ်ပုံထဲမှာတော့ Lego လေးဟာ အဲဒီ ခွေးမဲလေး Love နဲ့ ဖော်ဖော်ရွေရွေရှိနေတာ မြင်တွေ့ခဲ့ရလို့ Love အနေနဲ့ Lisa ဆီမှာ သက်သောင့်သက်သာ ဖြစ်နေပြီလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

BLINK တွေအနေနဲ့ Love ရဲ့အကြောင်း အသေးစိတ် မသိရသေးမဲ့အခုကတည်းက အချစ်ပိုနေကြပြီ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page