K pop

■ JYP Entertainment က ပွဲထုတ်မဲ့ အမျိုးသမီးအဖွဲ့သစ်မှာ ပါဝင်နိုင်ဖွယ်ရှိတဲ့ အဖွဲ့ဝင်သစ်တွေကို မိတ်ဆက်ခြင်း

– – – JYP က အမျိုးသမီးအဖွဲ့သစ်ရဲ့ Dane Line မှာပါဝင်မဲ့ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး…

JYPE ဟာ JYPn လို့ခေါ်တဲ့ ပရောဂျက်အသစ်ကို ကြေညာခဲ့ပြီးပြီဖြစ်ပြီး အဲဒါက အမျိုးသမီးအဖွဲ့အသစ်ကို ပွဲထုတ်သွားမှာဖြစ်ပါတယ်။

 

JYP ဟာ အဆိုပါအဖွဲ့သစ်ရဲ့ Dance Line မှာ ပါဝင်မဲ့ အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး Cardi B ရဲ့ Press ကို Cover ပြုလုပ်ကာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ ပါဝင်တဲ့ အဖွဲ့ဝင် (၃) ယောက်အကြောင်း မိတ်ဆက်ပေးလိုက်ရပါတယ်။

Kyujin

အမျိုးသမီးအဖွဲ့သစ်ကို ပွဲထုတ်မယ်လို့ ကြေညာခဲ့ချိန်မှာပရိသတ်တွေက သင်တန်းသူ Jang Gyujin ကို ပါဝင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲတဲ့ JYP Trainee

mini Showcase မှာကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရပြီးသားပါ။ အရင်က ဗီဒီယိုအဟောင်းတွေမှာရော၊ Press Cover မှာရော သူမရဲ့ Dance စကေးကို ပရိသတ်တွေက သဘောကျနေကြပါတယ်။

Jinni

Cardi B ရဲ့ Press Cover ထဲမှာ နောက်ထပ်ပါဝင်သူကတော့ Jinni ပါ။ သူမရဲ့ အမည်ရင်းက Choi Yunjin ဖြစ်ပြီး ၂၀၀၄ ခုနှစ်ဖွားပါ။ သူမကလည်း ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ JYP Trainee Showcase မှာ Visual ကြောင့် ပရိသတ်တွေရဲ့ သတိထားမိခြင်းကို ခံခဲ့ရသူပါ။ 2PM Nichkhun ရဲ့ Lucky Charm MV မှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။

Jiwoo

သူမရဲ့နာမည်ရင်းက Jiwoo ဖြစ်ပြီး အပေါ်ကနှစ်ယောက်နဲ့ ယှဉ်ရင်တော့ ပရိသတ်တွေက သူမအကြောင်း သိပ်မသိပါဘူး။ သူမကို ၂၀၀၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး MOMOLAND ရဲ့ BBoom BBoom သီချင်းကို Cover ပြုလုပ်ထားတဲ့ ဗီဒီယိုကို ပရိသတ်တွေက ရှာတွေ့သွားချိန်မှာတော့ Jiwoo ရဲ့ Dance စကေးကို ချီးကျူးခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page