K pop

■ အိုလံပစ်မှာ သူမကို BTS အဖွဲ့ဝင်တွေ အားပေးဖို့ မျှော်လင့်နေတဲ့ နှင်းလျှောစကိတ်စီးမယ်

– – -BTS ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အိုလံပစ်မယ် Lee Yu Bin က Idol တွေက အိုလံပစ်အားကစားသမားတွေကို အားပေးတာ မြင်တဲ့အခါ…

နှင်းလျှောစကိတ်စီးမယ် Lee Yu Bin ကအောင်မြင်မှုတွေ စိုက်ထူထားသူဖြစ်ပြီး ၂၀၁၈ ပြုံယမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယားအတွက် ရွှေတံဆိပ်နှစ်ခု ရယူပေးခဲ့သူပါ။

သူမဟာ BTS ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အားလပ်ချိန်တွေမှာ BTS ရဲ့ ဗီဒီယိုတွေ၊ ရုပ်ပုံတွေကို ကြည့်လေ့ရှိကြောင်း၊ အထူးသဖြင့် သူမဟာ Jimin ရဲ့ ပရိသတ်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လက်ရှိဂျပန်မှာကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတော့ Lee Yu Bin က ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ နှင်းလျှောအားကစားသမားတစ်ဦးဖြစ်တဲ့ Kwak Yoon Gy က သူ့ရဲ့ Youtube Channel မှာ တင်ဆက်ဖို့ Lee Yu Bin နဲ့ အင်တာဗျူးခဲ့ပါတယ် ။

အဲဒီမှာ Kwak Yoon Gy က အခုလက်ရှိ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ K-pop Idol တွေက အားကစားသမားတွေကို အားပေးတာ မြင်ရတာ ဘယ်လိုမျိုးခံစားရသလဲလို့ မေးခဲ့ပါတယ်။ ဒီအခါ Lee Yu Bin က “K-pop အမာခံပရိသတ်အနေနဲ့ မနာလိုတောင် ဖြစ်မိပါတယ်။ ဒီလိုအားပေးမှုမျိုးက လုံးဝထူးခြားတယ်လို့ ခံစားမိပါတယ်။ ဒါက ကျွန်မတို့ကို အားအင်တွေအများကြီး ဖြစ်စေပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Lee Yu Bin လာမဲ့ ၂၀၂၂ ဘေကျင်းအိုလံပစ်ပြိုင်ပွဲမှာ BTS အဖွဲ့ဝင် Jimin အနေနဲ့သူမကို အားပေးဖို့ မျှော်လင့်မိကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ဒီမှာပဲ Kwak Yoon Gy က Jimin ကို Oppa လို့ ခေါ်ပြီး အားပေးဖို့ ပြောသင့်တယ်လို့ ဆိုခဲ့ရာမှာ Lee Yu Bin က “Jimin oppa ရေ။ ကျေးဇူးပြုပြီး ကျွန်မကို ဘေကျင်းအိုလံပစ်မှာ အားပေးပါနော်”လို့ ချစ်စဖွယ် တောင်းဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page