— – – BLACKPINK အဖွဲ့ဝင်တစ်ဦးကတော့ သူမရဲ့ဖက်ရှင်ကို ကြည့်ပြီး စိတ်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာကို ဖတ်နိုင်တယ်လို့ …
BLACKPINK အဖွဲ့ရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ သူတို့က အမြဲတန်းလိုလို အလန်းစားဖက်ရှင်တွေနဲ့ လန်းနေသူတွေ ဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။
ဒါကြောင့်ပဲ BLACKPINK အဖွဲ့ဝင် (၄)ဦးစလုံးဟာ ကမ္ဘာကျော် Brand တွေရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံထားရသူတွေချည်းပါပဲ။
ပြင်သစ်အခြေစိုက် Saint Laurent ရဲ့ Global Ambassador ဖြစ်လာသူ Rosé ကတော့ သူမရဲ့ အဝတ်အစား ဝတ်ဆင်မှုကို ကြည့်ပြီး သူမရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တယ်ဆိုတယ်လို့ ဆိုပါတယ်။
“ဖက်ရှင်က ကျွန်မရဲ့ စရိုက်နဲ့ စိတ်အနေအထားကို ပြတယ်လို့ ကျွန်မ ထင်တယ်။ တကယ်လို့ ကျွန်မ ဝတ်ဆင်ထားတာတွေကို သေချာကြည့်မယ်ဆိုရင် ကျွန်မ ဘာတွေ တွေးနေတယ်။ ကျွန်မ ခေါင်းထဲမှာ ဘာတွေရှိနေတယ်ဆိုတာကို သိနိုင်ပါလိမ့်မယ်”လို့ Rosé က ပြောဆိုခဲ့ပါတယ်။
— ဃဲ
Ref: Koreaboo