– – – သူတို့က ဒီနာမည်ကျော်စာရင်းမှာ ပါဝင်တဲ့ အာရှက အဖွဲ့တွေအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာပါ။
Genius က အမေရိကန်မှာ ဂီတနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာအရမ်းကြီးမားတဲ့ digital media company တစ်ခု ဖြစ်ပါတယ်။ Genius.com ဟာ တစ်လကို သီချင်းနားဆင်သူ သန်း (၁၀၀) ကျော်ရှိတဲ့ Web တစ်ခုလည်း ဖြစ်ပါတယ်။
Genius က သူတို့ရဲ့ The 100 Best Albums of 2010s စာရင်းကို ထုတ်ပြန်ခဲ့တာပါ။ (2010s ဆိုတာက ၂၀၁၀ ခုနှစ်ကနေစပြီး ဒီနေ့အချိန်အထိကို ဆိုလိုတာပါ)
အဲဒီစာရင်းမှာ BIGBANG အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ထုတ် MADE Album က နံပါတ် (၇၅) ချိတ်ခဲ့ပြီး BTS အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်ထုတ် You Never Walk Alone Album က နံပါတ် (၈၀) ချိတ်ခဲ့ကာ သူတို့ဟာ ကမ္ဘာကျော်တွေဖြစ်တဲ့ Billie Eilish, Justin Bieber, Ariana Grande တို့ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
“၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တောင်ကိုရီးယားအဆိုတော်အဖွဲ့ BIGBANG ရဲ့ MADE Album ဟာ ဒီနေ့ခေတ် K-pop ကို လမ်းခင်းပေးခဲ့တဲ့ genre-defying album ဖြစ်တယ်။ သူတို့က ဒီနေ့ခေတ်အဆိုတော်အဖွဲ့ကို ဒီလမ်းကြောင်းကို သွားရမယ်လို့ အဲဒီ Album နဲ့ ပြသခဲ့တယ်။ BANG BANG BANG, FXXK IT နဲ့ SOBER သီချင်းတွေက hip-hop, EDM နဲ့ soft rock ကို ပေါင်းစပ်ထားတဲ့ စွယ်စုံရသီချင်းတွေ ဖြစ်တယ်။ ZUTTER နဲ့ BAE BAE သီချင်းတွေကတော့ သူတို့က ပါရမီရှင်တေးရေးဆရာတွေ၊ ထိပ်တန်းဖျော်ဖြေသူတွေဆိုတာကို ထင်ဟပ်စေတယ်။ BIGBANG အဖွဲ့ နားနေတာ (၂)နှစ်ကျော် ကြာပြီဖြစ်ပေမယ့် သူတို့ဟာ ကမ္ဘာစတားတွေဆိုတာကို ဒီသီချင်းတွေ သက်သေပြနေပါတယ်”
– Genius Community
“၂၀၁၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ You Never Walk Alone Album ဟာ BTS အဖွဲ့ကို ဒီနေ့လို မီဂါစတား ဖြစ်လာဖို့ လမ်းကြောင်း ပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီ Album မှာ hip-hop, K-pop, EDM နဲ့ R&B တို့ကို ခံစားနိုင်ပြီး Spring Day၊ Not Today စတဲ့ သီချင်းတွေရဲ့ စာသားတွေက အရမ်းမိုက်ပြီး U.S. charts တွေနဲ့ Billboard 200 မှာ စိုးမိုးနိုင်ခဲ့တဲ့ Album တစ်ချပ်ဖြစ်ပါတယ်”
– Genius Community
Genius Community ရဲ့ Best Albums of the 2010s မှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့ Album (၂) ချပ်သာ ပါဝင်ခဲ့ပြီး BIGBANG နဲ့ BTS တို့က အဲဒီနေရာတွေကို ရယူနိုင်ခဲ့ကာ နံပါတ် (၁)နေရာမှာတော့ အမေရိကန်အဆိုတော် Kanye West ရဲ့ My Beautiful Dark Twisted Fantasy ဆိုတဲ့ Album က ရပ်တည်ခဲ့ပါတယ်။
– ဃဲ
Ref: Allkpop
-Zawgyi
■ Genius Community ရဲ႕ Best Albums of the 2010s မွာ ပါဝင္ခဲ့တဲ့ K-Pop အဖဲြ႕ (၂)ဖဲြ႕
– – – သူတုိ႔က ဒီနာမည္ေက်ာ္စာရင္းမွာ ပါဝင္တဲ့ အာရွက အဖဲြ႕ေတြအျဖစ္ပါ မွတ္တမ္းဝင္ခဲ့တာပါ။
Genius က အေမရိကန္မွာ ဂီတနဲ႔ပတ္သက္လုိ႔ ဂုဏ္သိကၡာအရမ္းႀကီးမားတဲ့ digital media company တစ္ခု ျဖစ္ပါတယ္။ Genius.com ဟာ တစ္လကုိ သီခ်င္းနားဆင္သူ သန္း (၁၀၀) ေက်ာ္ရွိတဲ့ Web တစ္ခုလည္း ျဖစ္ပါတယ္။
Genius က သူတုိ႔ရဲ႕ The 100 Best Albums of 2010s စာရင္းကုိ ထုတ္ျပန္ခဲ့တာပါ။ (2010s ဆုိတာက ၂၀၁၀ ခုႏွစ္ကေနစၿပီး ဒီေန႔အခ်ိန္အထိကုိ ဆုိလုိတာပါ)
အဲဒီစာရင္းမွာ BIGBANG အဖဲြ႕ရဲ႕ ၂၀၁၆ ခုႏွစ္ထုတ္ MADE Album က နံပါတ္ (၇၅) ခ်ိတ္ခဲ့ၿပီး BTS အဖဲြ႕ရဲ႕ ၂၀၁၇ ခုႏွစ္ထုတ္ You Never Walk Alone Album က နံပါတ္ (၈၀) ခ်ိတ္ခဲ့ကာ သူတုိ႔ဟာ ကမၻာေက်ာ္ေတြျဖစ္တဲ့ Billie Eilish, Justin Bieber, Ariana Grande တုိ႔ရဲ႕ အထက္မွာ ရပ္တည္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။
“၂၀၁၆ ခုႏွစ္က ထုတ္ေဝခဲ့တဲ့ ေတာင္ကုိရီးယားအဆုိေတာ္အဖဲြ႕ BIGBANG ရဲ႕ MADE Album ဟာ ဒီေန႔ေခတ္ K-pop ကုိ လမ္းခင္းေပးခဲ့တဲ့ genre-defying album ျဖစ္တယ္။ သူတုိ႔က ဒီေန႔ေခတ္အဆုိေတာ္အဖဲြ႕ကုိ ဒီလမ္းေၾကာင္းကုိ သြားရမယ္လုိ႔ အဲဒီ Album နဲ႔ ျပသခဲ့တယ္။ BANG BANG BANG, FXXK IT နဲ႔ SOBER သီခ်င္းေတြက hip-hop, EDM နဲ႔ soft rock ကုိ ေပါင္းစပ္ထားတဲ့ စြယ္စုံရသီခ်င္းေတြ ျဖစ္တယ္။ ZUTTER နဲ႔ BAE BAE သီခ်င္းေတြကေတာ့ သူတုိ႔က ပါရမီရွင္ေတးေရးဆရာေတြ၊ ထိပ္တန္းေဖ်ာ္ေျဖသူေတြဆုိတာကုိ ထင္ဟပ္ေစတယ္။ BIGBANG အဖဲြ႕ နားေနတာ (၂)ႏွစ္ေက်ာ္ ၾကာၿပီျဖစ္ေပမယ့္ သူတုိ႔ဟာ ကမၻာစတားေတြဆုိတာကုိ ဒီသီခ်င္းေတြ သက္ေသျပေနပါတယ္”
– Genius Community
“၂၀၁၇ ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ You Never Walk Alone Album ဟာ BTS အဖဲြ႕ကုိ ဒီေန႔လုိ မီဂါစတား ျဖစ္လာဖုိ႔ လမ္းေၾကာင္း ေပးလုိက္တာလုိ႔ ဆုိႏုိင္ပါတယ္။ ဒီ Album မွာ hip-hop, K-pop, EDM နဲ႔ R&B တို႔ကုိ ခံစားႏုိင္ၿပီး Spring Day၊ Not Today စတဲ့ သီခ်င္းေတြရဲ႕ စာသားေတြက အရမ္းမုိက္ၿပီး U.S. charts ေတြနဲ႔ Billboard 200 မွာ စုိးမုိးႏုိင္ခဲ့တဲ့ Album တစ္ခ်ပ္ျဖစ္ပါတယ္”
– Genius Community
Genius Community ရဲ႕ Best Albums of the 2010s မွာ အဂၤလိပ္ဘာသာနဲ႔ မဟုတ္တဲ့ Album (၂) ခ်ပ္သာ ပါဝင္ခဲ့ၿပီး BIGBANG နဲ႔ BTS တုိ႔က အဲဒီေနရာေတြကို ရယူႏုိင္ခဲ့ကာ နံပါတ္ (၁)ေနရာမွာေတာ့ အေမရိကန္အဆုိေတာ္ Kanye West ရဲ႕ My Beautiful Dark Twisted Fantasy ဆုိတဲ့ Album က ရပ္တည္ခဲ့ပါတယ္။
– ဃဲ
Ref: Allkpop