– – – လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က သူနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ဒီကလေး(၂)ယောက် တစ်ချိန်မှာ ထိပ်တန်း Idol တွေ ဖြစ်လာမယ်ဆိုတာကို SNSD ခေါင်းဆောင်ကြီးကိုယ်တိုင်တောင် သိမှာ မဟုတ် …
SNSD အဖွဲ့ခေါင်းဆောင် Taeyeon ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကာ ကလေးတွေနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ခဲ့ပြီး အဲဒီထဲက ကလေးနှစ်ယောက်ဟာ အခုအချိန်မှာတော့ ထိပ်တန်း Idol တွေ ဖြစ်လာခဲ့ပါတယ်။
အပေါ်က ဓာတ်ပုံမှာ Taeyeon နဲ့ အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ အဲဒီကလေး နှစ်ယောက်ကတော့ ASTRO အဖွဲ့ဝင် Moonbin နဲ့ GFRIEND အဖွဲ့ဝင် SinB တို့ ဖြစ်ပါတယ်။
အဲဒီဓာတ်ပုံကို ရိုက်တုန်းက ASTRO အဖွဲ့ဝင် Moonbin နဲ့ GFRIEND အဖွဲ့ဝင် SinB တို့ဟာ မူလတန်းကျောင်းသားအရွယ်သာ ရှိသေးပြီး အခုလို ကြီးပြင်းလာတာကို ပရိသတ်တွေ အံ့သြနေကြပါတယ်။
အချိန်တွေဆိုတာ ကုန်တာ အရမ်းမြန်ပါတယ်။ တစ်ချိန်က သူတို့အားကျခဲ့တဲ့ Idol တွေနဲ့အတူ အခုဆိုရင် ASTRO အဖွဲ့ဝင် Moonbin နဲ့ GFRIEND အဖွဲ့ဝင် SinB တို့ဟာ အခွင့်ကြုံရင် ပွဲတစ်ခုတည်း၊ စတိတ်စင်တစ်ခုတည်းပေါ်မှာ ဖျော်ဖြေခွင့်ရခဲ့ကြပါပြီ။
အိပ်မက်တွေဟာ လက်လျှော့လိုက်ဖို့ မဟုတ်ပါဘူး။ ဘယ်လိုအခက်အခဲတွေ ရှိရှိ စဉ်ဆက်မပြတ် အိပ်မက်တွေနောက်ကို လိုက်မယ်ဆိုရင် တစ်နေ့ အဲဒီအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။
– ဃဲ
Ref: Koreaboo
-Zawgyi
■ ဆယ်စုနှစ်တစ်ခုကျော်က Taeyeon နဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ ကလေး(၂)ယောက်
– ဃဲ
Ref: Koreaboo