– – – EXO အဖွဲ့ခေါင်းဆောင် Suho ရဲ့ မျက်နှာကို သီအိုရီတွေ၊ အချက်အလက်တွေနဲ့ လေ့လာပြီးနောက်မှာတော့ ခွဲစိတ်ဆရာဝန်ရဲ့ ပါးစပ်က ဒီစကားလုံး အရင်ထွက်လာပါတယ်။ ဘာလဲဆိုတာကိုတော့ …
ကိုရီးယားနာမည်ကျော် ခွဲစိတ်ဆရာဝန်တစ်ဦးဟာ EXO အဖွဲ့ခေါင်းဆောင် Suho ရဲ့ မျက်နှာကို အသေးစိတ်လေ့လာထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီဖိုယိုင်မှာ ခွဲစိတ်ဆရာဝန်ဟာ လူတစ်ယောက်အတွက် ပြီးပြည့်စုံဆုံးဆိုတဲ့ သီအိုရီတွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
Suho ရဲ့ မျက်နှာကို လေ့လာပြီးတဲ့အခါမှာတော့ အဲဒီခွဲစိတ်ဆရာဝန်ဆီက ပထမဆုံး ထွက်လာတဲ့ စကားက “Wow”ဆိုတဲ့ စကားပါပဲ။ ပြီးတော့ Suho ရဲ့ မျက်နှာတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး သူက အခုလို ဆက်ပြောခဲ့ပါတယ်။
“ဒီလို သားလေးကို ဘယ်မိဘတွေကများ မွေးပေးလိုက်သလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲဒီမိဘတွေက သားလေးကို ကောင်းကောင်းမွေးဖွားခဲ့တယ်ဆိုတာတော့ သေချာတယ်။ Suho ရဲ့ မျက်နှာ အချိုးက 1:1:1:0.8 ဖြစ်ပါတယ်။ အောက်ခြေက 0.8 ဆိုတဲ့ အညွှန်းကိန်းက နုပျိုမှုကို ရည်ညွှန်းတာပါ။ Suho ရဲ့ မျက်နှတည်ဆောက်ပုံက တကယ်ပြောရရင် ပြီးပြည့်စုံတယ်ဆိုတာထက်တောင် ပိုပါသေးတယ်။ ကျွန်တော်တို့ရဲ့ သီအိုရီတွေထက်တောင် Suho ရဲ့ မျက်နှာက ပိုလှနေသေးတယ်”- နာမည်ကျော်ခွဲစိတ်ဆရာဝန်
ဆက်ပြီးတော့ အဲဒီခွဲစိတ်ဆရာဝန်က Suho ရဲ့ မျက်နှာဟာ ဘယ်ထောင့်ချိုးချိုးက ဓာတ်ပုံရိုက်ရိုက် အလွန်လှတဲ့ မျက်နှာမျိုးဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
– ဃဲ
Ref: KStarLive
-Zawgyi
■ Suho ရဲ့ မျက်နှာကို လေ့လာခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးရဲ့ ဖွင့်ဟချက်
– ဃဲ
Ref: KStarLive