– – – ပွဲထွက်တာ (၉)နှစ်ရှိပါပြီ။ ဒါပေမဲ့ သူမမှာ အခုထက်ထိ သာမန်လူတွေလိုပဲ အများပြည်သူ စီးနင်းကြလာတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေကို သူလိုကိုယ်လို စီးနေတုန်းပါပဲ။
KBS ရုပ်သံရဲ့ Sensible Adult Life အစီအစဉ်မှာ နာမည်ကျော်အမျိုးသမီး K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AOA အဖွဲ့ဝင် Chanmi ဟာ သူမကိုယ် ဘယ်သူမှ မမှတ်မိတာကြောင့် ဒီနေ့တိုင် အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေ စီးနေဆဲဆိုတာကို ပြသခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ Chanmi က သူမအနေနဲ့ အေဂျင်စီကို အလုပ်သွားတဲ့အခါပဲဖြစ်ဖြစ်၊ အဖွဲ့ရဲ့ အစီအစဉ်တွေကို သွားတဲ့အခါပဲ ဖြစ်ဖြစ် အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေ စီးပြီး သွားလေ့ရှိတယ်လို့ ဝန်ခံခဲ့သလို၊ လက်တွေ့လည်း သက်သေပြခဲ့ပါတယ်။
ဘတ်စ်ကားစီးတဲ့ အခါ Chanmi ဟာ စီးနေကျသာမန်ပြည်သူတွေလိုပဲ ကားပေါ်တက်မယ်၊ နေရာလွတ်ရင် ဝင်ထိုင်မယ်။ သူ့ကို လက်မှတ်ထိုးတဲ့ သူမရှိသလို၊ မေးမြန်းစုံစမ်းတဲ့ သူလည်း မရှိပါဘူး။ အဲဒီလို ဘတ်စ်ကားတွေ စီးတဲ့အခါ သူ့ကို မှတ်မိတဲ့လူမရှိဘူးလားလို့ မေးတဲ့အခါမှာတော့ Chanmi က အခုလို ရိုးသားစွာ ပြန်ဖြေပါတယ်။
“ကျွန်မ ပွဲထွက်ကတည်းက တစ်ခါမှ မကြုံဖူးပါဘူး။ အဲဒီကတည်းက ခုထက်ထိ ဘတ်စ်ကားတွေ၊ ရထားတွေ စီးတဲ့အခါ မျက်နှာကို Mask နဲ့ အုပ်ထားတာမျိုးတောင် မရှိပါဘူး”
– Chanmi
Chanmi ဟာ ၂၀၁၂ ခုနှစ်မှာ AOA အဖွဲ့နဲ့ ပွဲထွက်ခဲ့တာ ဖြစ်လို့ အခုဆို (၉)နှစ်ကျော်နေပြီဖြစ်ပေမယ့် အခုလို ပြည်သူတွေ မမှတ်မိတာကတော့ အံ့သြဖို့ကောင်းတယ်လို့ ဆိုရပါတယ်။ ဒါပေမဲ့ Chanmi ဟာ AOA အဖွဲ့နဲ့အတူ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိသူနေဖြစ်ပါတယ်။
– ဃဲ
Ref: Koreaboo
-Zawgyi
■ လူေတြမမွတ္မိလုိ႔ အမ်ားျပည္သူသုံး ဘတ္စ္ကား စီးေနတဲ့ နာမည္ေက်ာ္အမ်ဳိးသမီး K-pop အဖဲြ႕ဝင္တစ္ဦး
– – – ပဲြထြက္တာ (၉)ႏွစ္ရွိပါၿပီ။ ဒါေပမဲ့ သူမမွာ အခုထက္ထိ သာမန္လူေတြလုိပဲ အမ်ားျပည္သူ စီးနင္းၾကလာတဲ့ ဘတ္စ္ကားေတြ၊ ရထားေတြကုိ သူလုိကုိယ္လုိ စီးေနတုန္းပါပဲ။
KBS ႐ုပ္သံရဲ႕ Sensible Adult Life အစီအစဥ္မွာ နာမည္ေက်ာ္အမ်ဳိးသမီး K-pop အဖဲြ႕တစ္ဖဲြ႕ျဖစ္တဲ့ AOA အဖဲြ႕ဝင္ Chanmi ဟာ သူမကုိယ္ ဘယ္သူမွ မမွတ္မိတာေၾကာင့္ ဒီေန႔တုိင္ အမ်ားျပည္သူသုံး ဘတ္စ္ကားေတြ၊ ရထားေတြ စီးေနဆဲဆုိတာကုိ ျပသခဲ့ပါတယ္။
အဲဒီအစီအစဥ္မွာ Chanmi က သူမအေနနဲ႔ ေအဂ်င္စီကုိ အလုပ္သြားတဲ့အခါပဲျဖစ္ျဖစ္၊ အဖဲြ႕ရဲ႕ အစီအစဥ္ေတြကုိ သြားတဲ့အခါပဲ ျဖစ္ျဖစ္ အမ်ားျပည္သူသုံး ဘတ္စ္ကားေတြ၊ ရထားေတြ စီးၿပီး သြားေလ့ရွိတယ္လုိ႔ ဝန္ခံခဲ့သလုိ၊ လက္ေတြ႕လည္း သက္ေသျပခဲ့ပါတယ္။
ဘတ္စ္ကားစီးတဲ့ အခါ Chanmi ဟာ စီးေနက်သာမန္ျပည္သူေတြလုိပဲ ကားေပၚတက္မယ္၊ ေနရာလြတ္ရင္ ဝင္ထုိင္မယ္။ သူ႕ကုိ လက္မွတ္ထုိးတဲ့ သူမရွိသလုိ၊ ေမးျမန္းစုံစမ္းတဲ့ သူလည္း မရွိပါဘူး။ အဲဒီလုိ ဘတ္စ္ကားေတြ စီးတဲ့အခါ သူ႕ကုိ မွတ္မိတဲ့လူမရွိဘူးလားလုိ႔ ေမးတဲ့အခါမွာေတာ့ Chanmi က အခုလုိ ႐ုိးသားစြာ ျပန္ေျဖပါတယ္။
“ကၽြန္မ ပဲြထြက္ကတည္းက တစ္ခါမွ မႀကံဳဖူးပါဘူး။ အဲဒီကတည္းက ခုထက္ထိ ဘတ္စ္ကားေတြ၊ ရထားေတြ စီးတဲ့အခါ မ်က္ႏွာကုိ Mask နဲ႔ အုပ္ထားတာမ်ဳိးေတာင္ မရွိပါဘူး”
– Chanmi
Chanmi ဟာ ၂၀၁၂ ခုႏွစ္မွာ AOA အဖဲြ႕နဲ႔ ပဲြထြက္ခဲ့တာ ျဖစ္လုိ႔ အခုဆုိ (၉)ႏွစ္ေက်ာ္ေနၿပီျဖစ္ေပမယ့္ အခုလုိ ျပည္သူေတြ မမွတ္မိတာကေတာ့ အံ့ၾသဖုိ႔ေကာင္းတယ္လုိ႔ ဆုိရပါတယ္။ ဒါေပမဲ့ Chanmi ဟာ AOA အဖဲြ႕နဲ႔အတူ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ ရရွိသူေနျဖစ္ပါတယ္။
– ဃဲ
Ref: Koreaboo