K pop

■ National Title ပေးထားတဲ့ K-pop အဖွဲ့ (၃) ဖွဲ့

— – – ကိုရီးယားအာဏာပိုင်တွေနဲ့ ပြည်သူတွေက သူတို့အဖွဲ့ (၃)ဖွဲ့ကို နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ထားတာဖြစ်ပြီး ဒီလိုဂုဏ်ယူစရာကောင်းတဲ့ ဂုဏ်ပြုမှုကို ရရှိထားတဲ့ အဖွဲ့တွေကတော့

တောင်ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားပြုအဖြစ် သတ်မှတ်ခံရတာ အရမ်းကြီးမားတဲ့ ဂုဏ်ပြုမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အိုလံပစ်တို့လို၊ ကမ္ဘာ့ဖလားပြိုင်ပွဲတို့လို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရသူတွေကို နိုင်ငံကိုယ်စားပြုအဖြစ် အကြီးအကျယ် ဂုဏ်ယူကြပါတယ်။

K-pop မှာလည်း တောင်ကိုရီးယားပြည်သူတွေနဲ့ အစိုးရကိုယ်တိုင်က နိုင်ငံကိုယ်စားပြုတွေအဖြစ် ရွေးချယ်ထားတဲ့ Idol အဖွဲ့ (၃) ရှိပါတယ်။ အကြိုက်မတူတဲ့ ပရိသတ်တွေကြား အငြင်းပွားမှုတွေ ရှိပေဲ့ အမှန်တရားက အမှန်တရားပါပဲ။

BIGBANG – Nation’s Boy Group


လက်ရှိ K-pop စီးကြောင်းကို အသက်သွင်းသူတွေအဖြစ် ကိုရီးယားတွေ သတ်မှတ်ထား၊ ခံယူထားတာက BIGBANG အဖွဲ့ ဖြစ်ပါတယ်။ သူတို့ကို K-pop အမျိုးသားအဖွဲ့တွေထဲမှာ King of K-pop လို့ ခေါ်ကြသလို၊ ကိုရီးယားတွေက သူတို့ကို Nation’s Boy Group အဖြစ် သတ်မှတ်ကြပါတယ်။ သူတို့ဟာ ၂၀၁၂ ခုနှစ်လောက်ကတည်းက World Tour ကို အောင်မြင်စွာ ဖျော်ဖြေခဲ့သူဖြစ်ပြီး သူတို့ရဲ့ကျော်ကြားမှုနဲ့ ဂီတပါရမီက ဘယ်လိုမှ အငြင်းပွားမရှိပါဘူး။

 

Girls’ Generation – Nation’s Girl Group


K-pop ဒုတိယမျိုးဆက်မှာ BIGBANG နဲ့အပြိုင် K-pop ကို အရောင်တင်ပေးခဲ့တာက Girls’ Generation ဖြစ်ပါတယ်။ သူတို့ဟာ K-pop industry မှာ သက်ရောက်မှုအလွန်ကြီးမားသူတွေဖြစ်လို့ Nation’s Girl Group အဖြစ် ကိုရီးယားတွေ ရွေးကြတာ မဆန်းပါဘူး။ BIGBANG နဲ့အတူ K-pop အတွက် လမ်းခင်းခဲ့သူတွေဖြစ်တဲ့ Girls’ Generation ဟာ လက်ရှိအချိန်ထိ ကျော်ကြားနေဆဲဖြစ်ပြီး သူတို့အတွက် ဒီဂုဏ်ပြုမှုဟာ အရမ်းကို ထိုက်တန်လွန်းပါတယ်။

 

EXO – Nation’s Pick


BIGBANG က လက်ရှိ K-pop စီးကြောင်းကို ချပေးခဲ့သူဆိုရင် EXO က Album တွေ သန်းချီပြီး ပြန်လည်ရောင်းရအောင် လမ်းခင်းသူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ အာရှတစ်လွှားမှာ အရမ်းကိုနာမည်ကျော်ကြားခဲ့တဲ့ EXO အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ဖျော်ဖြေပေးဖို့ ဖိတ်ကြားခံရလေ့ရှိပြီး အစိုးရကိုယ်တိုင်က EXO အဖွဲ့ကို Nation’s Pick အဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။

— ဃဲ
Ref: KPZ

 

-Zawgyi

■ National Title ေပးထားတဲ့ K-pop အဖြဲ႕ (၃) ဖြဲ႕

— – – ကိုရီးယားအာဏာပိုင္ေတြနဲ႔ ျပည္သူေတြက သူတို႔အဖြဲ႕ (၃)ဖြဲ႕ကို ႏိုင္ငံကိုယ္စားျပဳအျဖစ္ ေ႐ြးခ်ယ္ထားတာျဖစ္ၿပီး ဒီလိုဂုဏ္ယူစရာေကာင္းတဲ့ ဂုဏ္ျပဳမႈကို ရရွိထားတဲ့ အဖြဲ႕ေတြကေတာ့

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ကိုယ္စားျပဳအျဖစ္ သတ္မွတ္ခံရတာ အရမ္းႀကီးမားတဲ့ ဂုဏ္ျပဳမႈတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ အိုလံပစ္တို႔လို၊ ကမာၻ႔ဖလားၿပိဳင္ပြဲတို႔လို ႀကီးက်ယ္ခမ္းနားတဲ့ ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ရသူေတြကို ႏိုင္ငံကိုယ္စားျပဳအျဖစ္ အႀကီးအက်ယ္ ဂုဏ္ယူၾကပါတယ္။

K-pop မွာလည္း ေတာင္ကိုရီးယားျပည္သူေတြနဲ႔ အစိုးရကိုယ္တိုင္က ႏိုင္ငံကိုယ္စားျပဳေတြအျဖစ္ ေ႐ြးခ်ယ္ထားတဲ့ Idol အဖြဲ႕ (၃) ရွိပါတယ္။ အႀကိဳက္မတူတဲ့ ပရိသတ္ေတြၾကား အျငင္းပြားမႈေတြ ရွိေပဲ့ အမွန္တရားက အမွန္တရားပါပဲ။

BIGBANG – Nation’s Boy Group
လက္ရွိ K-pop စီးေၾကာင္းကို အသက္သြင္းသူေတြအျဖစ္ ကိုရီးယားေတြ သတ္မွတ္ထား၊ ခံယူထားတာက BIGBANG အဖြဲ႕ ျဖစ္ပါတယ္။ သူတို႔ကို K-pop အမ်ိဳးသားအဖြဲ႕ေတြထဲမွာ King of K-pop လို႔ ေခၚၾကသလို၊ ကိုရီးယားေတြက သူတို႔ကို Nation’s Boy Group အျဖစ္ သတ္မွတ္ၾကပါတယ္။ သူတို႔ဟာ ၂၀၁၂ ခုႏွစ္ေလာက္ကတည္းက World Tour ကို ေအာင္ျမင္စြာ ေဖ်ာ္ေျဖခဲ့သူျဖစ္ၿပီး သူတို႔ရဲ႕ေက်ာ္ၾကားမႈနဲ႔ ဂီတပါရမီက ဘယ္လိုမွ အျငင္းပြားမရွိပါဘူး။

Girls’ Generation – Nation’s Girl Group
K-pop ဒုတိယမ်ိဳးဆက္မွာ BIGBANG နဲ႔အၿပိဳင္ K-pop ကို အေရာင္တင္ေပးခဲ့တာက Girls’ Generation ျဖစ္ပါတယ္။ သူတို႔ဟာ K-pop industry မွာ သက္ေရာက္မႈအလြန္ႀကီးမားသူေတြျဖစ္လို႔ Nation’s Girl Group အျဖစ္ ကိုရီးယားေတြ ေ႐ြးၾကတာ မဆန္းပါဘူး။ BIGBANG နဲ႔အတူ K-pop အတြက္ လမ္းခင္းခဲ့သူေတြျဖစ္တဲ့ Girls’ Generation ဟာ လက္ရွိအခ်ိန္ထိ ေက်ာ္ၾကားေနဆဲျဖစ္ၿပီး သူတို႔အတြက္ ဒီဂုဏ္ျပဳမႈဟာ အရမ္းကို ထိုက္တန္လြန္းပါတယ္။

EXO – Nation’s Pick
BIGBANG က လက္ရွိ K-pop စီးေၾကာင္းကို ခ်ေပးခဲ့သူဆိုရင္ EXO က Album ေတြ သန္းခ်ီၿပီး ျပန္လည္ေရာင္းရေအာင္ လမ္းခင္းသူေတြလို႔ ဆိုရမွာ ျဖစ္ပါတယ္။ အာရွတစ္လႊားမွာ အရမ္းကိုနာမည္ေက်ာ္ၾကားခဲ့တဲ့ EXO အဖြဲ႕ဟာ ေတာင္ကိုရီးယားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ၿပိဳင္ပြဲေတြမွာ ေဖ်ာ္ေျဖေပးဖို႔ ဖိတ္ၾကားခံရေလ့ရွိၿပီး အစိုးရကိုယ္တိုင္က EXO အဖြဲ႕ကို Nation’s Pick အျဖစ္ ေၾကညာထားတာ ျဖစ္ပါတယ္။

— ဃဲ
Ref: KPZ

You cannot copy content of this page