K pop

■ Debut 5 နှစ်ပြည့် နှစ်ပတ်လည်နေ့မှသည်…

— သြဂုတ်လ 8 ရက်နေ့ဟာ BLINK တွေ တန်ဖိုးထားရတဲ့ BLACKPINK အဖွဲ့ရဲ့ 5 နှစ်ပြည့် Debut နှစ်ပတ်လည်နေ့လေးဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ 5 နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် လူမှုကွန်ရက်မှာ BLINK တွေနဲ့အတူ ဂုဏ်ပြုခဲ့ကြပါတယ်။

Jisoo ဟာ သူမရဲ့ Instagram Story မှာ “ BLACKPINK အဖွဲ့ရဲ့ Debut 5 နှစ်ပြည့်နှစ်ပတ်လည် အတွက် Congratulation…ပြီးတော့ ငါတို့ BLINK တွေ” ဆိုပြီး စာရေးသားကာ ပုံလည်းတင်ခဲ့ပါ တယ်။

Lisa ကလည်း “10 နှစ် အတူနေခဲ့တဲ့ ငါရဲ့ Jen ၊ Chaen ၊ Choo တို့ရေ ချစ်တယ်။ BLACKPINK ရဲ့ 5 နှစ်ပြည့်နှစ်ပတ်လည်အတွက် Congratulation … Love you” ဆိုပြီး ရေးခဲ့ပြန်ပါတယ်။

Rose’ ကတော့ ဓါတ်ပုံပေါ်မှာ 5 နှစ်ပြည့်နှစ်ပတ်လည်အမှတ်အသားလေးတွေလုပ်ပြီး ရိုးရှင်းစွာ Instagram Story မှာ တင်ခဲ့သလို အဖွဲ့ဝင်နောက်ဆုံးတစ်ဦးကတော့ Jennie ကတော့ ဓါတ်ပုံ ပေါ်မှာ BLACKPINK အဖွဲ့ဝင်တွေနဲ့ BLINK တွေကို ချစ်ကြောင်းရေးခဲ့သလို 5 နှစ်ပြည့် နှစ်ပတ်လည် အဖွဲ့ပုံတွေ မနက်ဖြန်တင်ပေးမယ်လို့လည်း ဖော်ပြခဲ့ပြီး BLINK တွေကို စောင့်ကြည့်ကြဖို့ ပြောခဲ့ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page