K pop

■ Photocard တောင်မှ ဈေးအကြီးဆုံးသတဲ့လား… Jungkook

—- Golden Maknae လေးဟာ Sold Out King ဆိုတာ ARMY တွေ သိထားပြီးသားပါ။ ဒါပေမဲ့ သူ့ရဲ့ Photocard ရောင်းဈေးဟာ K-pop လောကမှာ ဈေးအကြီးဆုံးဖြစ်ပါသတဲ့…Jungkook ရဲ့ Image ဟာ ဘယ်လောက်ထိ မြင့်တက်သလဲဆိုရင်…

လက်ရှိအချိန် တောင်ကိုရီးယားနိုင်ငံမှာရော US မှာပါ BTS အဖွဲ့ဝင် Jungkook ရဲ့ Photocard တွေ ဟာ တောင်းဆိုမှုမြင့်မားနေပြီး ဈေးကြီးတာတောင်မှ မြန်မြန်ဆန်ဆန်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါ တယ်။

Jungkook ရဲ့ Butterful Lucky Event က Butterful Photocard ဟာ ရောင်းချနိုင်တဲ့ K-pop Photocard တွေအားလုံးအနက် ဈေးအကြီးဆုံးနဲ့ ရောင်းချနိုင်တဲ့ Photocard ဖြစ်တယ်လို့ သိရပါ တယ်။ အဆိုပါ Jungkook Butterful Photocard ဟာ eBay အွန်းလိုင်းရှော့ပင်းမှာ ကန်ဒေါ်လာ 3213 နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

အရင်တုန်းကလည်း Jungkook ရဲ့ blue selca FLO photocard ဟာ ကန်ဒေါ်လာ 2700 နဲ့ရောင်း ချနိုင်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာလည်း သူ့ရဲ့ Photocard တွေ ဝယ်လိုမှုမြင့်မားနေ တယ်လို့လည်းသိရပါတယ်။ Jungkook ရဲ့ ပေါ်ပြူလာဖြစ်မှုဟာ ဘယ်လောက်အထိ ပျံ့နှံ့နေသလဲ ဆိုတာ Photocard တွေတောင် ဈေးအကြီးဆုံးနဲ့ ရောင်းချနေရတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page