Celebrity

■ Jungkook ရဲ့ ဗီဒီယို (၅၀၀)ကို Save ပြီး အချိန်ပြည့်ကြည့်နေပါတယ်ဆိုတဲ့ K အမျိုးသမီး Cele တစ်ဦး

— Golden Maknae လေးရဲ့ Bias K အမျိုးသမီး Cele တစ်ဦးပါ…

နာမည်ကြီး K Super Model တစ်ဦးဖြစ်သူ Han Hye Jin က သူမဟာ BTS အဖွဲ့ဝင် Jungkook ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Han Hye Jin ဟာ KBS Joy’s talk show ‘Dating Interference Season 3’ အစီအစဉ်မှာပါဝင်တဲ့ Host တစ်ဦးဖြစ်သူပါ။ အစီအစဉ်အပိုင်းတစ်ခုမှာ Han Hye Jin အပါအဝင် Host တွေအားလုံးဟာ K-pop Girl Group ကို အရမ်းစွဲလမ်းနှစ်သက်တဲ့ ယောကျာ်းလေးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းအကြောင်းကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Host တွေအားလုံးဟာ မိန်းကလေးဖြစ်သူရဲ့ စိုးရိမ်မှုတွေအပါအဝင် RS ကြားက ပြဿနာတွေကို ဆွေးနွေးခဲ့ကြ တာဖြစ်ပြီး အဲဒီမှာ Han Hye Jin က အဆိုပါမိန်းကလေးရဲ့ ချစ်သူ ယောကျာ်းလေးဖြစ်အင်ကိုလည်း နားလည် ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူမကိုယ်တိုင်ကလည်း မကြာသေးခင်က K-pop Group အဖွဲ့ဝင်တစ်ဦးကို အရမ်းအားပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“ K-pop Girl Group ကို အရမ်းစွဲလမ်းနှစ်သက်တဲ့ ယောကျာ်းလေးရဲ့ ဖြစ်အင်ကိုလည်း ကျွန်မ နားလည်ပေး နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကလည်း မကြာသေးခင်မှာ BTS အဖွဲ့ဝင် Jungkook ကို အရမ်းအားပေးနှစ်သက်နေလို့ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်မဟာ Jungkook ရဲ့ ဗီဒီယို (500) လောက်ကို Save ပြီး အချိန်ပြည့်ကြည့်နေခဲ့ဖြစ်ပါတယ်”

-Han Hye Jin

Han Hye Jin ရဲ့ အဆိုပါဖွင့်ဟချက်ကို ကြားသိခဲ့ကြတဲ့ ARMY တွေကတော့ လူမှုကွန်ရက်မှာ Han Hye Jin ကို နွေးထွေးမှုတွေနဲ့ ကြိုဆိုနေကြပြီး ဗီဒီယို (500) လောက်ကို Save ပြီး အချိန်ပြည့်ကြည့်နေတယ်ဆိုတဲ့ အချက်ကိုလည်း အံ့အားသင့်ကာ ချီးကျူးနေကြပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page