– – -Lisa ရဲ့ ကိုယ်တွေ့ဇာတ်လမ်းဟာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလွန်တယ်လို့ ဆိုရမှာပါ။
BLACKPINK အဖွဲ့ဝင် Lisa ဟာ Jisoo နဲ့အတူတူ Live လွှင့်ခဲ့ရာမှာတော့ တစ်ခါတုန်းက သူမသရဲအခြောက်ခံရတဲ့ဖြစ်ရပ်ကို ပြန်ပြောင်းပြောကြားသွားခဲ့ပါတယ်။
အဲဒီတုန်းက Lisa ဟာ Jisoo ရဲ့ အခန်းထဲမှာ ရှိနေခဲ့တာပါ။ Jisoo က မျက်နှာသစ်ဖို့ ရေချိုးခန်းကို သွားတဲ့အခါ အခန်းရှေ့ကနေ တစ်စုံတစ်ယောက်က ဧည့်ခန်းထဲဖြတ်ပြေးသွားတာကို Lisa က မြင်ခဲ့ပါတယ်။
အဲဒီလူကို Lisa က Rose’လို့ ထင်ခဲ့ပေမယ့် Rose’ကလည်း သူ့အခန်းထဲမှာပဲ နေနေခဲ့တာလို့ Lisa က ဖွင့်ဟသွားခဲ့ပါတယ်။
“ကျွန်မက Jisoo ရဲ့ အခန်းထဲမှာပါ။ အဲဒီအချိန် Jisoo က မျက်နှာသစ်ဖို့ ရေချိုးခန်းကို သွားနေတုန်း ဧည့်ခန်းထဲကို တစ်ယောက်ဖြတ်ပြေးသွားခဲ့ပါတယ်။ Jisoo နဲ့ Rose’က အခန်းချင်းကပ်ရပ်လေ။ ဒါကြောင့် Rose’လို့ ထင်ခဲ့လို့ နာမည်ခေါ်ကြည့်လိုက်တော့ Rose’က ‘ဘာလဲဆိုပြီး’သူ့အခန်းထဲက ပြန်ထူးတယ်”
-Lisa
ဒါတင်မကသေးဘဲ နောက်တစ်နေ့မှာတော့ သူမအနေနဲ့ ထမင်းလုံးတစ္တေအခြောက်ခံရတဲ့အကြောင်းကိုလည်း Lisa က ဖွင့်ဟခဲ့ပါသေးတယ်။ “ယောက်ျားတစ်ယောက်က ကျွန်မအိပ်ယာပေါ်မှာ ထိုင်နေတယ်။ အိပ်နေပေမယ့် ကျွန်မမျက်လုံးတွေ ဖွင့်ရက်ကြီး ဖြစ်နေတယ်။ ဒါပေမဲ့ လှုပ်လို့မရဘူး။ လုံးဝလှုပ်လို့ မရဘူး”လို့ Lisa က ပြောခဲ့တာပါ။
Lisa ရဲ့ ကိုယ်တွေ့ဇာတ်လမ်းဟာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလွန်တယ်လို့ ဆိုရမှာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *