K pop

■ BTS အစ်ကိုတွေအတွက် Jungkook သီချင်းစပ်ဆိုခဲ့စဉ်က

– – – Jungkook ဟာ သူ့အစ်ကိုတွေကို မိဘတွေသဖွယ် သဘောထားသူဖြစ်ပြီး…..

BTS အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်အချင်းချင်း ညီအစ်ကိုရင်းတွေလို နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ လျှောက်လှမ်းနေကြသူတွေပါ။

အထူးသဖြင့် BTS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ညီငယ်လေး Jungkook ကို အချစ်ပိုကြတာကို တွေ့ရမှာပါ။ သူတို့ဟာ အမြဲလိုလို Jungkook ကို လမ်းမှားမရောက်အောင်လည်း သွန်သင်လေ့ရှိပါတယ်။

ဒါကြောင့် Jungkook ဟာလည်း သူ့ BTS အစ်ကိုတွေရဲ့ စေတနာ၊ မေတ္တာတွေကို နားလည်သူလို့ ဆိုရပါမယ်။ Jungkook ဟာ အခွင့်အခါကြုံတိုင်း သူ့အပေါ် BTS အကိုတွေရဲ့ ကျေးဇူးဘယ်လောက်ကြီးမားကြောင်း ဖွင့်ဟလေ့ရှိသူပါ။

Run BTS ရဲ့ အပိုင်း (၉၈) မှာ BTS အဖွဲ့ဟာ သီချင်းဆိုတဲ့ဂိမ်းတစ်ခုကို ကစားခဲ့ပါတယ်။ အဲဒီမှာ Jungkook က Na Hoona ရဲ့ Ripe Persimmon ကို သီဆိုခဲ့ပါတယ်။ အဲဒီသီချင်းဟာ အမေအကြောင်းကို ရေးစပ်ထားခဲ့တာပါ။

ဒါပေမဲ့ Jungkook ဟာ သီချင်းစာသားကို ပြောင်းလဲခဲ့ပြီး သူ့ BTS အစ်ကိုတွေကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ Jungkook ရဲ့လုပ်ရပ်ဟာ BTS အဖွဲ့ဝင်တွေအတွက်ရော၊ ARMY တွေအတွက်ပါ ကြည်နူးစရာ ဖြစ်ခဲ့ရတာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page