K pop

■ ကိုရီးယားသမ္မတ Moon Jae In မျက်ကွယ်မပြုနိုင်ခဲ့တဲ့ K-pop အဖွဲ့များ

– – – တောင်ကိုရီးယားသမ္မတ Moon Jae In ရဲ့ပါးစပ်က ကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့ရတဲ့ K-pop တွေပါပဲ။

BTS

သမ္မတ Moon Jae In ဟာ သူ့အနေနဲ့ BTS အဖွဲ့ကို ကြိုက်နှစ်သက်မှု ရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက BTS အဖွဲ့ဟာ Billboard Album Chart ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး K-pop အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့စဉ်တုန်းက Moon Jae In ဟာ ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါသေးတယ်။

Red Velvet

Red Velvet ဟ တောင်ကိုရီးယားကို ကိုယ်စားပြုပြီး မြောက်ကိုရီးယားမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ တစ်ဖွဲ့တည်းသော K-pop အဖွဲ့ပါ။ အဲဒီနောက် သမ္မတ Moon Jae In ဟာ Red Velvet အဖွဲ့ကို အိမ်ပြာတော်ကိုဖိတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

TWICE

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီး K-pop က အရေးပါကြောင်း မိန့်ခွန်းပြောကြားစဉ်ကလည်း သမ္မတ Moon Jae In ဟာ TWICE ရဲ့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

EXO

၂၀၁၉ ခုနှစ်ဇွန်လမှာ သမ္မတ Moon Jae In ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ပြာတော်မှာ တွေ့ဆုံစဉ်က EXO အဖွဲ့ကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့သမီး Ivanka Trump ဟာလည်း EXO ရဲ့ အမာခံပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Lisa (BLACKPINK) and Nichkhun (2PM)

Bangkok Post နဲ့ အင်တာဗျူးမှာ သမ္မတ Moo Jae In ဟာ တောင်ရီးယား-ထိုင်းတို့ကြား ခိုင်မာတဲ့ ဆက်ဆံရေးအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ သူဟာ ထိုင်းကအရည်အချင်းရှိတဲ့ K-pop Idol တွေဖြစ်တဲ့ Lisa နဲ့ Nichkhun တို့အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page