K pop

■ U.S သွားတိုင်း Lisa စားသောက်တဲ့ သရေစာ

— Lisa က ဒီ သရေစာကို အလွန်နှစ်သက်ပြီး သူအကြိုက်ဆုံး အစားအသောက်ပါတဲ့…

BLACKPINK အဖွဲ့ဝင် Lisa ဟာ W KOREA မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်တုန်းက သူအနှစ်သက်ဆုံး သရေစာတစ်ခုကို ပြောခဲ့ပြီး အဲဒီအစားအသောက်ဟာ U.S မှာ အရမ်းပေါတယ်လို့လည်း ပြောခဲ့ပါ တယ်။

W KOREA က Lisa ကို သူမအနှစ်သက်ဆုံး အစားအစာကို မေးတဲ့အခါ အကြော်ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အကြော်တိုင်းကို ကြိုက်တာမဟုတ်ဘဲ “ အင်းဥအကြော်ကို နှစ်သက်ဆုံး” ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Lisa က သူမအနေနဲ့ U.S ကို သွားလည်တဲ့အခါ နေရာတိုင်းမှာ အင်းဥကြော်တွေကို တွေ့ရလို့ သူမ ပျော်ရွှင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ “ U.S မှာ အင်းဥကြော်တွေကို နေရာအနှံ့တိုင်း ရောင်းချတာကို ကျွန်မ တွေ့ခဲ့ရပါတယ်။ U.S မှာ ရှိနေရင် အဲဒါတွေကို အမြဲတမ်းစားရလို့ ကျွန်မ ပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page