Celebrity

■ Ex ဖုန်းနံပါတ်ကို မမေ့နိုင်လို့ ဖုန်းနံပါတ်ပြောင်းပါလို့ တောင်းဆိုခဲ့ဖူးတဲ့ Jeon So Min ရဲ့ ချစ်မှုရေးရာ

—- Jeon So Min ရဲ့ ရိုးသားစွာနဲ့ ဝန်ခံမှုကို…

မင်းသမီး Jeon So Min နဲ့ မင်းသား Park Sung Hoon တို့ဟာ KBS2 series Heesoo မှာ သရုပ် ဆောင်ဖို့ အတည်ပြုထားကြပြီး မကြာသေးခင်က သူတို့နှစ်ဦးဟာ Elle Korea ရဲ့ ပရိသတ်နဲ့အမေး အဖြေကဏ္ဍမှာ ပါဝင်ခဲ့ပြီး Dating တွေနဲ့ပတ်သက်ပြီး ပြောခဲ့ကြပါတယ်။

အဲဒီမှာ သရုပ်ဆောင်နှစ်ဦးကို ပရိသတ်တစ်ဦးက အခုလို မေးခဲ့ပါတယ်။ “ ကျွန်မဟာ မူးလာလို့ရှိရင် ကျွန်မရဲ့ Ex ထံ မကြာခဏ ဖုန်းခေါ်လေ့ရှိပါတယ်။ ဒီ ရူးနှမ်းတဲ့ ကျွန်မရဲ့ အကျင့်ကို ဘယ်လိုပြင်ရမ လဲ” လို့ မေးခဲ့တာပါ။

ဒီမေးခွန်းကို သူမရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး Jeon So Min က ပြောပြခဲ့ပါတယ်။ “ ကျွန်မပြောပြပါ မယ်။ ဘာလို့လည်းဆိုတော့ အရင်တုန်းက ဒီလိုမျိုး ကျွန်မမှာ အတွေ့အကြုံရှိလို့ပါ။ ကျွန်မ အသက် 20 ကျော်အရွယ်တုန်းကဖြစ်ပါတယ်” လို့ Jeon So Min က ပြောခဲ့ပါတယ်။

Jeon So Min က သူမဟာ Ex ရဲ့ ဖုန်းကို မခေါ်ပဲမနေနိုင်ခဲ့လို့ Ex ကို ဖုန်းနံပါတ်ပြောင်းပါလို့ တောင်း ဆိုခဲ့တဲ့အထိ ရှိခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ ကျွန်မ Ex ကို တောင်းဆိုခဲ့ရပါတယ်။ သူ့ကို ကျွန်မက ငါ့မှာ မင်းရဲ့ဖုန်းနံပါတ်မခေါ်ပဲနေနိုင်လောက် တဲ့အထိ စိတ်ခိုင်မာမှုမရှိဘူး။ ဒါကြောင့် မင်းဖုန်းနံပါတ် ပြောင်းပေးပါလားလို့ တောင်းဆိုခဲ့ဖူးပါတယ်။ ကျွန်မအနေနဲ့ Ex ကို ဖုန်းမခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ ဖုန်းနံပါတ်ကို ဖုန်းထဲမှာ အကုန်လုံး ဖျက် ထားတာပါ။ ဒါပေမဲ့ သူ့ရဲ့ ဖုန်းနံပါတ်က ကျွန်မ ခေါင်းထဲမှာ မှတ်မိနေတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို ဖုန်းနံပါတ်ပြောင်းခိုင်းတာပါ” – Jeon So Min

-m2t
Ref: Koreaboo

You cannot copy content of this page