— ARMY တစ်ဦးနဲ့ V တို့ကြားက အခိုက်အတန့်တစ်ခုဟာ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတစ်ခုအဖြစ် ဆက်လက်ရှိနေတာဖြစ်ပါတယ်။
အဖြစ်အပျက်က ကြာပြီဖြစ်ပေမယ့်လည်း ARMY တွေဟာ မကြာခဏဆိုသလို လူမှုကွန်ရက်ပေါ်မှာ ပြန်လည် တူးဆွလေ့ရှိခဲ့တာပါ။ BTS အဖွဲ့ရဲ့ Fan Meeting တစ်ခုမှာ စကားတတ်တဲ့ (လှတောသား)ARMY နဲ့ V တို့ တွေ့ခဲ့ပြီး မမေ့နိုင်တဲ့အမှတ်တရဖြစ်ခဲ့တာဖြစ်ပါတယ်။
Fan Meeting မှာ အဆိုပါ ARMY မလေးက V က စကားအနည်းငယ်ပြောဆိုခွင့်ရခဲ့တာဖြစ်ပါတယ်။ ARMY မလေးက သူတို့တွေဟာ BTS အဖွဲ့ရဲ့ Album သစ်နဲ့ ပုံရိပ်အသစ်တွေကို ဘယ်လောက်သဘောကျနှစ် သက်ကြောင်း အရင်ပြောဆိုခဲ့တာပါ။ V ဟာ ARMY မလေးရဲ့ ပြောဆိုမှုတွေကို ပြုံးပြုံးကြီးနဲ့ နားထောင်နေခဲ့ ဖြစ်ပါတယ်။
ဒါပေမဲ့ စကားအဆုံးမှာ ARMY မလေးက V ကို အခုလိုပြောခဲ့ပါတယ်။ “ V…အိုပါးဟာ အရာရာတိုင်းကို ပြည့်စုံ အောင်လုပ်နိုင်သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုကိုပဲ အိုးပါအနေနဲ့ ပြုပြင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီအခါ V ကလည်း အံ့အားသင့်ပြီး “ အော်…အဲဒါ ဘာလဲ…ပြောလေ” လို့ သိချင်စိတ်နဲ့ မေးခဲ့ပါတယ်။
ARMY မလေးက “ အိုပါး…ပြုပြင်ရမယ့်အရာတစ်ခုက “My heart” လေလို့” ပြောလိုက်တဲ့အခါမှာတော့ V တစ်ယောက် လုံးဝကို ရှက်သွေးတွေဖြာသွားခဲ့ပြီး ခေါင်းမှာဆောင်းထားတဲ့ ခေါင်းစွပ်ကိုလည်း မျက်နှာပေါ် အုပ်ချကာ “ ဒီလိုမလုပ်ပါနဲ့” လို့ ပြောဆိုခဲ့ရပါတယ်။
ARMY တွေဟာ ရှက်သွေးဖြာသွားတဲ့ V ရဲ့ ကလေးတစ်ယောက်လိုအပြုံးတွေ၊ စကားတတ်လွန်းတဲ့ ARMY မလေးတို့ရဲ့ အဲဒီအခိုက်အတန့်ကို တိုက်ဆိုင်လိုက်တိုင်း လူမှုကွန်ရက်မှာ ပြန်လည်စားမြုံ့ပြန်ခဲ့ကြတာဖြစ် ပါတယ်။
-m2t
Ref: Kstarlive