K pop

■ YG အမျိုးသားအဖွဲ့ခေါင်းဆောင်တွေရဲ့ တူညီတဲ့ အချက်တစ်ချက်

—- K-pop Group Leader တွေအားလုံးဟာ အရည်အချင်းတွေရှိကြကာ ထူးချွန်တဲ့ပုံစံတွေအများကြီးရှိကြတယ် မဟုတ်ပါလား။

YG Entertainment က စင်တင်ပေးထားတဲ့ အမျိုးသား Group တွေအားလုံးရဲ့ Leader တွေ မှာတော့ တူညီတဲ့ အချက်တစ်ချက်ရှိခဲ့ပါတယ်။ အဲဒီတူညီမှုက ဘာလဲဆိုတော့ အဖွဲ့ Leader အားလုံးဟာ Idol အဖြစ် Official Debut မလုပ်ခင်ကတည်းက ပရိသတ်တွေရှေ့မှောက်ကို TV ဖန်သားပြင်မှာ ထွက်ပေါ်ခဲ့ပြီး သားဖြစ်လို့ပါပဲ။ ပြောရမယ်ဆိုရင် YG အမျိုးသားအဖွဲ့တွေရဲ့ Leader တွေဟာ အားပေးတဲ့ ပရိသတ်တွေရှိနေ ပြီးသားလို့လည်းဆိုရမှာပါ။

1) G-Dragon (BIGBANG)

K-pop King လို့ တင်စားကြတဲ့ G-Dragon ဟာ အသက်(၆)နှစ်အရွယ်ကတည်းက TV ဖန်သားပြင်ထက်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက G-Dragon ဟာ Little Roo’Ra လို့ခေါ်တဲ့ ကလေးအဖွဲ့တစ်ဖွဲ့ ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏအတွင်းမှာ အဖွဲ့ပျက်သွားခဲ့ပါတယ်။

2) Seungyoon (WINNER)

WINNER အဖွဲ့ခေါင်းဆောင် Seungyoon ဟာ အသက်(၁၆)နှစ်အရွယ်မှာ Superstar K2 အစီအစဉ်ကနေ TV ဖန်သားပြင်မှာပေါ်ထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက Seungyoon ရဲ့ အရည်အချင်းနဲ့ စွဲမက်ဖွယ်ကောင်း တဲ့ အသံကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

3) B.I (iKON အဖွဲ့ခေါင်းဆောင်ဟောင်း)

B.I ဟာလည်း YG Entertainment က မွေးထုတ်ပေးခဲ့တဲ့b အလွန်အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဆိုတာ အားလုံးသိပါတယ်။ သူဟာ အသက်(၁၃)နှစ်အရွယ်ကတည်းက Hip Hop အဆိုတော် MC Mong ရဲ့ single “Indian Boy” မှာ ပါဝင်သီဆိုခဲ့ဖူးပါတယ်။ B.I ဟာ သီချင်းပါဝင်သီဆိုခဲ့ရုံသာမက MC Mong ရဲ့ အချို့ ပရိုမိုး ရှင်း သီဆိုမှုတွေမှာလည်း ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။

4. Hyunsuk & Jihoon (TREASURE)

မကြာခင် Debut လုပ်တော့မယ့် TREASURE ရဲ့ ခေါင်းဆောင် Hyunsuk ဟာ အသက်(၁၈)နှစ်အရွယ်တုန်းက Survival Show MIXNINE မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူဟာ Final Episode ရဲ့ Deubt Team မှာပဲ အဆုံး သတ်သွားခဲ့ပါတယ်။

Jihoon က Stray Kid ရဲ့အပိုင်းတစ်ခုမှာ ပါဝင်ခဲ့ဖူးပါတယ်။ Jihoon ဟာ အသက်(၁၇)နှစ်ဖြစ်ပြီး JYP vs. YG battle အတွင်း YG ရဲ့ Trainee တစ်ဦးအဖြစ် ပရိသတ်တွေသိခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page