K pop

■ ကောင်းမွန်တဲ့အပြုအမူတွေကြောင့် ပရိသတ်တွေချစ်ခြင်းခံရတဲ့ အမျိုးသမီး K-pop Idol များ

— – – သိတဲ့အတိုင်းပဲ အသက်ရှုတာအစ အပြစ်လိုက်ပြောတတ်တဲ့ ကိုရီးယားအသိုင်းအဝိုင်းမှာ အချစ်ခံရဖို့ ချီးကျူးခံရဖို့ဆိုတာ အလွန်ခက်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ …

ကိုရီးယားပရိသတ်တွေ၊ ပြည်သူတွေဟာ အနုပညာရှင်တွေ၊ Cele တွေကို ချီးကျူးတာထက် ဝေဖန်တာတွေ ပိုများတာကို ပရိသတ်တွေ သတိထားမိမှာပါ။

ဇာတ်လမ်းတွဲ ကောင်းပြန်တော့လည်း ဘာဖြစ်တယ်။ ညာဖြစ်တယ်ကစပြီး လူမြင်ကွင်းမှာ ဝမ်းနည်းစရာတွေကြောင့် မျက်နှာသုန်မှုန်နေရင်တောင် အပြစ်ပြော၊ ရှုတ်ချတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ကတော့ ကိုရီးယားအင်တာနက်အသုံးပြုသူတွေရဲ့ ချီးကျူးမှုကို ခံရပါသတဲ့။

Girls’ Generation YoonA


Girls’ Generation အဖွဲ့ဝင် YoonA ဟာ K-pop ရဲ့ ရတနာတစ်ပါးလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ကောင်းသတင်းနဲ့ ကျော်ကြားသူပါ။ K-pop မှာ Visual နဲ့ Center ဆိုတာ YoonA ကစတယ်လို့ ဆိုကြပါတယ်။ YoonA ဟာ ဂုဏ်ထူးဆောင် အခွန်ဆောင်သူ၊ လှူဒါန်းသူဖြစ်ပြီး လူတိုင်းကို မေတ္တာအပြည့်နဲ့ ချိုသာစွာဆက်ဆံတတ်သူလို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံရသူဖြစ်ပါတယ်။

 

EXID Hani


K-pop မှာ ပေါင်းရသင်းရ အလွယ်ဆုံးနဲ့ ဆက်ဆံရအလွယ်ဆုံးလို့ EXID အဖွဲ့ဝင် Hani ကို သတ်မှတ်ကြပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး လူတိုင်းကို ခင်မင်စွာဆက်ဆံတတ်တဲ့ Hani ကို ကိုရီးယားတွေ ချစ်ကြပြီး သူမကို အလွန်ပွင့်လင်းရိုးသားသူလို့ ချီးကျူးကြပါတယ်။

 

IU


သွက်လက်သလောက် လူတိုင်းရဲ့ ချစ်ခြင်းကို ခံရတဲ့သူက IU ပါ။ ကင်မရာတွေ တစ်ခါတလေ မန်နေဂျာအငယ်လေးတွေနဲ့ သူ့ထက်ငယ်တဲ့ ဝန်ထမ်းတွေကို IU က နောက်ပြောင်လေ့ရှိပါတယ်။ ဒါ့အပြင် IU ဟာ အမြဲတမ်း ကတိကဝတ်တွေကို ထိန်းသိမ်းတတ်သူဖြစ်ပြီး ပရိသတ်တစ်ဦးရဲ့ မင်္ဂလာဆောင်မှာ သီချင်းဆိုပေးခဲ့အထိပါပဲ။ ဒါတွေကြောင့် ကိုရီးယားတွေက IU
ကို အရမ်းချစ်ကြတာပါ။

 

Sandara Park


2NE1 အဖွဲ့ဝင်ဟောင်း Dara ဟာ မျိုးဆက်သစ်တွေအတွက် စံပြဖြစ်ပါတယ်။ K-pop Industry မှာ Dara က သူ့ကိုယ်သူ အရမ်းနှိမ့်ချတတ်သူအဖြစ်လည်း နာမည်ကြီးပါတယ်။ Dara က အနားရှိသူတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူဖြစ်ပြီး လူတိုင်းက သူမကို ချစ်ကြပါတယ်။

 

BLACKPINK Jisoo


BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ သူငယ်ချင်းတွေက Jisoo အကြောင်း ပြောတဲ့အခါ အကောင်းတွေချည်းပါပဲ။ အဲဒီလို ပြောရရင်အောင်လည်း Jisoo ဟာ တကယ်ကောင်းတဲ့ ကောင်မလေးဖြစ်ပါတယ်။ စကားတွေ ဖောင်ဖွဲ့မယ်။ ရယ်မယ်။ ပျော်မယ် ဒါတွေက Jisoo ရဲ့ Personality ဖြစ်ပြီး သူငယ်ချင်းတွေဆိုရင် Jisoo ဟာ ခုထက်ထိ သူတို့နဲ့ ဆက်သွယ်နေဆဲပါလို့ ဆိုပါတယ်။

— ဃဲ
Ref: KPZ

You cannot copy content of this page