K pop

■ Jimin ပြောပြတဲ့ ချစ်ပုံပြင်ဟောင်းနဲ့ သဘောကျတဲ့ ကောင်မလေးပုံစံ

— – – Jimin က “သူမကို မြင်တာနဲ့ ကျွန်တော့်ရဲ့ နှလုံးသားက …..

BTS အဖွဲ့ဝင် Jimin ဟာ ပွဲထွက်စတုန်းက SBS MTV အစီအစဉ်မှာ သူ့ရဲ့ ချစ်ပုံပြင်ဟောင်းနဲ့ ပတ်သက်ပြီး ပြောပြဖူးသလို၊ မိန်းကလေးတွေနဲ့ တွေ့ရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာကိုလည်း ပြောပြခဲ့တာပါ။

Jimin က “ဆင်ဆာတွေလိုပေါ့ဗျာ။ အမှတ်တရတွေက ဟိုတစ်စ ဒီတစ်စနဲ့။ ကျွန်တော် ငယ်ငယ်တုန်းက ကောင်မလေး တစ်ယောက်ကို တစ်ဖက်ချစ်ခဲ့ဖူးပါတယ်။ သူမကို အဝေးက မြင်တာနဲ့ကို ကျွန်တော့် နှလုံးသား …..”ဆိုပြီး ခေါင်းကို ငုံကာ ဘယ်လိုမှ မခံနိုင်ဘူးဆိုတဲ့ ပုံစံမျိုး လုပ်ပြခဲ့ပါတယ်။

ဒါ့အပြင် Jimin က သူ့အနေနဲ့ မိန်းကလေးတွေနဲ့ တွေ့ရင် အလွန်ရှက်တတ်ကြောင်းလည်း ပြောပြခဲ့တာပါ။ “ကျွန်တော် မိန်းကလေးတွေနဲ့ (၅) မီတာအကွာလောက်က ရပ်နေရင်ကို မျက်နှာက အလိုလိုနီလာတာမျိုးပါ”လို့ Jimin က ဆိုပါတယ်။

Jimin က သူသဘောကျတဲ့ ကောင်မလေးပုံစံကို Idols True Colors Radio အစီအစဉ်မှာ ဝန်ခံခဲ့ဖူးပါတယ်။ သူက အလွန်ချစ်စရာကောင်းပြီး တစ်ခါတလေ ရူးကြောင်ကြောင် လုပ်တတ်တဲ့ ကောင်မလေးမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။

Jimin က “ချစ်စရာ ကောင်းပြီး တစ်ခါတလေ ပေါတောတော ရူးကြောင်ကြောင်တွေ လုပ်တတ်တဲ့ ကောင်မလေးမျိုးကို သဘောကျပါတယ်။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ထက် အရပ်ပိုပုတာကို လိုချင်ပါတယ်။ တစ်နေ့မှာတော့ စစ်မှန်တဲ့ တစ်ယောက်နဲ့ တွေ့ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page