— – – Blind Date လုပ်ရကနေ အသည်းကွဲလာတဲ့ အချစ်ဆရာပြီးဟာ ချက်ချင်းဆိုသလို ….
Look At Me, Gwisun သီချင်းဟာ Daesung ကို Trot လောကမှာ နေရာတစ်ခု ခိုင်မြဲစေတဲ့ သီချင်း။ G-Dragon ရဲ့ ပါရမီကို ပြသတဲ့သီချင်း။ ဒီသီချင်းကို Hip Hop တွေ ခဲနေတဲ့ G-Dragon ဘာကြောင့် ဖန်တီးခဲ့တာလဲ။ နောက်ကွယ်က အကြောင်းအရာဟာ ဘာများဖြစ်မလဲ …?
Look At Me, Gwisun သီချင်းဟာ ကိုရီးယား Trot လောကမှာ ဂန္ထဝင်မြောက်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းကို ဖန်တီးသူနဲ့ သီဆိုသူ Hip Hop Base နဲ့ စီးဆင်းတဲ့ K-pop Legend အဖွဲ့ BIGBANG က အဖွဲ့ဝင်တွေပါပဲ။ Hip Hop က Trot နဲ့ တစ်လမ်းစီဖြစ်ပေမယ့် ဒါတွေကို BIGBANG က လုပ်ပြနိုင်တယ်ဆိုတာ Look At Me, Gwisun သီချင်းက သက်သေပါပဲ။
Look at Me, Gwisun သီချင်းဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက Audio အဖြစ် ထုတ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက Trot Song Chart တွေသာမက ဂီတအမျိုးအစားအားလုံးနီးပါးက ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့အထိ အောင်မြင်ခဲ့ကာ Daesung ဟာလည်း Trot သီဆိုသူအဖြစ် အသိအမှတ်ပြုခံခဲ့ရသလို၊ G-Dragon ရဲ့ သီချင်းဖန်တီးနိုင်မှုကိုလည်း ချီးကျူးမဆုံးဖြစ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဒီသီချင်းဖြစ်ပေါ်လာဖို့အတွက်G-Dragon ရင်းလိုက်ရတာက များပါတယ်။ G-Dragon ဟာ ၂၀၀၉ မှာ သူ့ရဲ့ ပထမဆုံး Blind Date အဖြစ် ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တာဖြစ်ပြီး အဲကောင်မလေးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ငြင်းပယ်ခံလိုက်ရတာကြောင့် မာနထိခိုက်သွားတာရော၊ အသည်းကွဲသွားတာကြောင့်ရော G-Dragon ဟာ အဲဒီခံစားချက်ကို အမြတ်ထုတ်ပြီး သီချင်းရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီသီချင်း ဂန္ထဝင်တဲ့ Trot သီချင်း Look at Me, Gwisun ပါပဲ။ မြန်မာလို မြန်ရရင်တော့ “ငါ့ကို ကြည့်စမ်းပါ ဂီဆန်းရေ”ပေါ့ဗျာ။
အဲဒီ Look at Me, Gwisun သီချင်းဟာ အရွယ်စုံကြိုက်ကြတဲ့သီချင်းဖြစ်ပြီး G-Dragon ရဲ့ အသည်းကွဲမှုကနေ Master Piece ဖြစ်ခဲ့ကာ ဒီနေ့တိုင် လူကြီးလူငယ်မရွေးနှစ်သက်တဲ့ Trot သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Daesung ရဲ့ Perfomance ကို အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Fantastic Duo မှာ ဖျော်ဖြေထားကို ကြည့်ဖို့ Recomment ပေးချင်ပါတယ်။ အဲဒါကို ကြည့်ပြီးရင်တော့ Daesung ကို မကြိုက်သေးဘူးဆိုရင်တောင် ကြိုက်သွားမယ်လို့ ထင်ပါတယ်။
— ဃဲ
Ref: TMI