— – Ha Sungwoon နဲ့ Jimin တို့ရဲ့ ဒီအခိုက်အတန့်လေးက ကြည်နူးစရာကောင်းပြီး…
BTS အဖွဲ့ဝင် Jimin နဲ့ Ha Sungwoon တို့ကလည်း K-pop နယ်ပယ်ထဲ အားကျစရာကောင်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားခဲ့တာပါ။
Under Quiz ရဲ့ အပိုင်းတစ်ပိုင်းမှာ Ha Sungwoon ဟာ Phone Mission တစ်ခုကို ပြုလုပ်ခဲ့ရပါတယ်။ အဲဒီ Mission ကတော့ ရိုးရှင်းပြီး သူငယ်ချင်းတစ်ယော်ကကို ဖုန်းဆက်ကာ သူ့ဆီကနေ ငါပျော်နေတယ် လို့ ပြောတာကြားရင် အောင်မြင်မှာ ဖြစ်ပါတယ်။
စစချင်း Ha Sungwoon က ဖုန်းခေါ်တာ “Jimin ရေ…မင်း ပျော်နေရဲ့လား”လို့မေးခဲ့ပါတယ်။ စစချင်းမှာ Jimin က အနည်းငယ်ကြောင်သွားပြီး “ဘာလဲဟ။ ရုတ်တရက်ကြီး”လို့ တုံ့ပြန်ခဲ့ပါတယ်။
နောက်တော့မှ သဘောပေါက်သွားတဲ့ Jimin ဟာ “အာ..ငါ ပျော်နေပါတယ်”လို့ ပြောဆိုရင်း Ha Sungwoon ရဲ့ Mission ပြီးမြောက်စေဖို့ ကူညီပေးခဲ့ပါတယ်။ အဲဒီနောက် Ha Sungwoon က ဆက်ပြီး “မနေ့ကနဲ့ ဒီနေ့မှာ မင်းကို ပျော်စေချင်တဲ့အကြောင်း ငါတို့ ပျော်ခဲ့ကြတာ မှတ်မိတယ်မလား။ ဒါကြောင့် ဒီ Mission က လွယ်လွယ်လေးလို့ ငါထင်ခဲ့တာ”လို့ ဖွင့်ဟခဲ့ပါတယ်။
ဒါဟာ Jimin အနေနဲ့ Ha Sungwoon ရဲ့ Phone Mission ကို ကူညီပေးခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ဘဲ Naver NOW ရဲ့ Late Night Idol မှာတုန်းကလည်း ကူညီပေးခဲ့တာပါ။
-Ref: Koreaboo