K pop

■ ချစ်သူ Lee Sun Bin နဲ့ အားကျစရာ Relationship အကြောင်း Lee Kwang Soo ဖွင့်ဟ

– – -Lee Sun Bin နဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကို Lee Kwang Soo က ဖွင့်ဟခဲ့ရာမှာ…

Lee Kwang Soo ဟာ Hankook Ilbo နဲ့ အင်တာဗျူးမှာ သူ့ရဲ့အသစ်ထုတ်လွှင့်မဲ့ ဇာတ်ကား Sinkhole အကြောင်း၊ ချစ်သူ Lee Sun Bin နဲ့ အခြေအနေတွေအကြောင်းကို ဖွင့်ဟခဲ့တာပါ။

ပထမဆုံး Lee KwangS Soo က Sinkhole ဇာတ်ကားနဲ့ ပတ်သက်တဲ့အခြေအနေကို ဖွင့်ဟခဲ့ပါတယ်။ ဒီအခြေအနေမှာ ရုပ်ရှင်ဇာတ်ကားကို ပြသနို်တဲ့အတွက် ကျေနပ်မိကြောင်း၊ ကပ်ဘေးကာလအတွင်း ပရိုမိုးရှင်း

ပြုလု်ပရတာ မလွယ်ကူကြောင်း၊ ပရိသတ်တွေအနေနဲ့ စည်းကမ်းတွေကို လိုက်နာပြီး ရုပ်ရုင်ရုံထဲ ကြည့်ကြစေလိုကြောင်း Kwang Soo က ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် ဆက်လက်ပြီး Lee Kwang Soo က ချစ်သူ Lee Sun Bin နဲ့ ပတ်သက်တဲ့လက်ရှိ Relationship ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“Lee Sun Bin နဲ့ ကျွန်တော်တို့ရဲ့ Relationship ကတခြားသူတွေလိုပါပဲ။ လူမြင်ကွင်းမှာ မတွေ့ရဘူးလို့ သဘောတူထားတာတွေ မရှိပါဘူး။ ကျွန်တော်တို့က အရသာရှိတဲ့ စားသောက်ဆိုင်တွေမှာ သွားစားပြီး ပျော်ပျော် လျှောက်လည်ကြတာပါပဲ”လို့ Kwang Soo က ဆိုခဲ့ပါတယ်။

ဒါကြောင့် Lee Kwang Soo နဲ့ Lee Sun Bin တို့ရဲ့ အချစ်ရေးက တကယ့်ကိုအားကျစရာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

-Ref: Koreabo

You cannot copy content of this page