K pop

■ EXO ထဲမှာ အမေရိကန်အဆိုတော် Tinashe Collab လုပ်ချင်တဲ့ အဖွဲ့ဝင်က ဘယ်သူလဲ

— -Sinkhole Collab အလုပ်ချင်ဆုံး EXO အဖွဲ့ဝင်က တခြားသူမဟုတ်ဘဲ…

“TINASHExKAI” လို့ အမည်ရတဲ့ streaming party ကို STATIONHEA မှာ တင်ဆက်ခဲ့ပါတယ်။

အဲဒီမှာ အမေရိကန်အဆိုတော ် Tinashe က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကာ မေးမြန်းသမျှကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Tinashe ဟာ သြဂုတ်လ (၆)ရက်နေ့မှာ အသစ်ထွက်ရှိခဲ့တဲ့ သူမရဲ့ Album အကြောင်းတွေပြောဆိုခဲ့ရုံမက EXO အဖွဲ့ဝင်တစ်ဦးနဲ့ Collab လုပ်ချင်တဲံအကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

EXO အဖွဲ့ထဲမှာ Tinashe Collab လုပ်ချင်တဲ့အဖွဲ့ဝင်ကတော့ Kai ပဲ ဖြစ်ပါတယ်။ “မင်းအနေနဲ့ Kai နဲ့ Collab လုပ်ဖို့ရှိသလားဆိုတာ အားလုံးက သိချင်နေကြပါတယ်”လို့ Tinashe က အမေးခံခဲ့ရတာပါ။

ဒီအခါ Tinasheက “သေချာတာပေါ့။ ဘာလို့ မလုပ်နိုင်ရမှာလဲ။ Collab လုပ်တာမျိုး ကျွန်မ နှစ်သက်ပါတယ်။ ဒါက အလွန်ကောင်းတဲ့ Collab ပါ။ ကျွန်မကို သီချင်းတစ်ပုဒ်ပို့ပေးဖို့ Kai ကို ပြောလိုက်ကြပါ”လို့ ဖွင့်ဟခဲ့ပါတယ်။’

Tinashe ဟာ အရင်ကလည်း EXO အဖွဲ့ဝင် Chanyeol နဲ့ Far East Movement မှာ Marshmello ရဲ့ Freal Luv သီချင်းကို အတူတွဲပြီး သီဆိုခဲ့ပါသေးတယ်။

-Ref: Koreaboo

You cannot copy content of this page