Articles

■ Jungkook ကြောင့် ပြောင်းလဲသွားခဲ့တဲ့ Sasaeng Fan တစ်ဦးရဲ့ ဘဝ

— BTS အဖွဲ့ကြောင့် နှစ်စဉ်နှစ်တိုင်း ပြောင်းလဲခဲ့တဲ့ဘဝတွေအများကြီးရှိပါတယ်။ အခုလည်း BTS နဲ့ Jungkook ကြောင့် ပြောင်းလဲခဲ့တဲ့ Sasaeng Fan တစ်ဦးရဲ့ဘဝကိုလည်း ကြည့်လိုက်ကြရအောင်ပါ။

အတိတ်က Sasaeng Fan ဟောင်းတစ်ဦးဟာ Sasaeng အသိုင်းအဝိုင်းမှာ သူမ ဘယ်လိုဆိုးရွားစွာ ကျင်လည်ခဲ့တဲ့ အကြောင်းတွေနဲ့ ဘယ်အရာက အဲဒီအသိုင်းအဝိုင်းကနေ နုတ်ထွက်အောင် ပြောင်းလဲပေးခဲ့ တယ်ဆိုတာကို ဖွင့်ဟခဲ့ပါတယ်။ သူမဟာ YouTube channel “kisses dalhia” အစီအစဉ်ကနေ သူမရဲ့ပုံပြင် ကို ဖောက်သည်ချခဲ့တာပါ။

သူမဟာ ဂျပန်နိုင်ငံက Sasaeng Fan တစ်ဦးဖြစ်ပြီး K-pop Group အားလုံးကိုနှစ်သက်ခဲ့ပေမယ့် BTS အဖွဲ့ကို တော့ ပိုအာရုံစိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမဟာ BTS အဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို တောက် လျှောက် ကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်ပြီး ဓါတ်ပုံတွေရိုက်ကူးခဲ့တာပါ။ သူမရဲ့ လက်ရာဟာ ပုံထွက်ကောင်း ပြီး HD ဓါတ်ပုံတွေဖြစ်တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ်။

ဒါကြောင့် သူမဟာ အခြား Sasaeng Fan တွေနဲ့ဆက်သွယ်မိကာ ဓါတ်ပုံတွေရောင်းစားတဲ့အထိကို တဖြည်း ဖြည်းနစ်ဝင်သွားခဲ့ပါတယ်။ အားလုံးထဲကမှ တောင်ကိုရီးယား Sasaeng Fan တစ်ဦးနဲ့ချိတ်ဆက်မိပြီး BTS အဖွဲ့ဝင်ဓါတ်ပုံတွေနဲ့ ပိုက်ဆံအလှယ်အလည်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ တောင်ကိုရီးယား Sasaeng Fan ဟာ သူမကို လူလည်ကျပြီး ဓါတ်ပုံတွေကို ကိုယ်ပိုင်သဘောမျိုးသုံးခဲ့သလို တန်ရာတန်ကြေးပိုက်ဆံကို လည်းမပေးခဲ့ပါဘူး။

တဖြည်းဖြည်းနဲ့ အဆိုပါ ဂျပန် Sasaeng Fan ဟာ နစ်သထက်နစ်လာတာကိုသတိထားမိတာကြောင့် Sasaeng အသိုင်းအဝိုင်းကနေထွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား Sasaeng Fan ထပ်ပြီး Jungkook ရဲ့ Hotel ကဓါတ်ပုံတွေ၊ Dating လုပ်နေသလားဆိုတဲ့ စုံစမ်းမှုတွေပြုလုပ်ရင် ပိုက်ဆံအများကြီးပေးမယ်လို့ မက် လုံးပေးမယ်လို့ ဆွဲဆောင်တာကြောင့် သူမဟာ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူမဟာ BTS အဖွဲ့ကို Spy လုပ် ရင်းလုပ်ရင်းနဲ့ BTS အဖွဲ့အပေါ် ချစ်ခင်နှစ်သက်လာခဲ့ပါတယ်။ သူမလက်ခံရရှိတဲ့ ပိုက်ဆံထက်ကို BTS အဖွဲ့ အပေါ် ချစ်ခင်နှစ်သက်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ သူမအတွက် ကံကောင်းချင်တာက သူမရဲ့လုပ်ရပ်တွေကို အစ်မဖြစ်သူက သိရှိပြီး စိတ်ကုထုံးနဲ့ကုသ ပေးခဲ့သလို သူမကိုယ်တိုင်ကလည်း BTS အဖွဲ့အပေါ် Sasaeng မလုပ်ချင်တော့တာကြောင့် Sasaeng အသိုင်း အဝိုင်းကနေ အပြီးနုတ်ထွက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူမဟာ BTS အဖွဲ့အပေါ် ပြုလုပ်ခဲ့တဲ့ သူမရဲ့ လုပ်ရပ်တွေအတွက် နောင်တရမဆုံးဖြစ်နေပြီး Sasaeng ရဲ့ အပြုအမူတွေကိုလည်း ရှုံ့ချတယ်လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page