K pop

■ “DDU DU DDU DU” သီချင်းထဲက နာမည်ကြီး သေနတ်ပစ်ကကွက်ဟာ မူရင်းကကွက်မဟုတ်ပါ

—- BLACKPINK အဖွဲ့ရဲ့ “DDU DU DDU DU” သီချင်းဆိုတာနဲ့ သေနတ်ပစ်ကကွက်ဟာ ပရိသတ် တွေအတွက် မျက်မှန်းတန်းမိတဲ့ နာမည်ကြီးကကွက်ပါ။ ဒါပေမဲ့ အဆိုပါ ကကွက်ဟာ မူရင်းကကွက် မဟုတ်ပါဘူးတဲ့…

BLACKPINK အဖွဲ့ဟာ သြဂုတ်လ 8 ရက်နေ့က “DDU DU DDU DU” သီချင်း Chorus ပိုဒ်ထဲက နာမည်ကြီး Gun-Shooting Move ဟာ မူရင်း Choreography ထဲမှာ မပါဝင်ဘူးလို့ ဖွင့်ဟခဲ့တာ BLINK တွေ အားလုံး အံ့အားသင့်ခဲ့ကြပါတယ်။ ဘာလို့လည်းဆိုတော့ BLACKPINK ရဲ့ Gun-Shooting Move ကို ကလေးကအစ လူကြီးအဆုံး ကြိုက်နှစ်သက်ကြလို့ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ 5 နှစ်ပြည့် Debut နှစ်ပတ်လည်နေ့အတွက် V Live လွှင့်စဉ် BLINK တွေကို ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ Live လွှင့်နေစဉ်မှာ Jennie က “DDU DU DDU DU” သီချင်း Chorus ပိုဒ်ထဲက နာမည်ကြီး Gun-Shooting Move ဟာ မူရင်း Choreography ထဲမှာ မပါဝင်ဘဲ သူ တို့ တီထွင်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

မူရင်းကကွက်မှာ ဘက်ဘက် ညာဘက်ပြောင်းတဲ့အခါ လက်ကို အောက်စိုက်ထားရတာပါလို့ Jennie က ဆိုပါတယ်။ ဒါပေမဲ့ သူတို့ဟာ MV ရိုက်တဲ့နေ့မှာ အောက်မစိုက်ဘဲ တည့်တည့်ပစ်တဲ့ Gun-Shooting Move ကို ပြောင်းခဲ့တာပါလို့ Jennie က ဖောက်သည်ချခဲ့ပါတယ်။

Jisoo ကလည်း “ ကျွန်မတို့ဟာ Monitor အရှေ့မှာ မူရင်းပုံစံတိုင်းပဲ ကနေခဲ့ပြီး ကျွန်မတို့ပြင် လိုက်ရင် ဒုက္ခရောက်သွားမှာလည်း ကြောက်ခဲ့ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop and Kstarlive

You cannot copy content of this page