Celebrity

■ Jin ဟာ အတောင်ပံမပါတဲ့ နတ်သားလေးပါ

—- BTS အဖွဲ့ဝင် Jin ဟာ World Wide Handsome ကြီးတစ်ဦးဖြစ်သလို စိတ်ထားကောင်းပြီး ပတ် ဝန်းကျင်က သူတွေကို ကူညီ ကြည့်တတ်လွန်းလို့ ARMY တွေက အတောင်ပံမပါတဲ့ နတ်သားလေးပါ တဲ့…

မကြာသေးခင်က Jin နဲ့ ခင်မင်ရင်းနှီးတဲ့ နာမည်ကျော် စားဖိုးမှူး ဖြစ်တဲ့ Lee Yeon-bok က Jin ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်ပုံနဲ့ မကြာသေးခင်က သူ့အိမ်ကို အလည်လာခဲ့ပုံကို ပြောပြခဲ့ပါတယ်။

နာမည်ကျော် စားဖိုးမှူး ဖြစ်တဲ့ Lee Yeon-bok ဟာ YouTube Show တစ်ခုမှာပါဝင်ခဲ့ပြီး အဲဒီမှာ သူ ဟာ Cele အများပြားဆီက ဝိုင်ပုလင်းတွေ လက်ဆောင်ရလေ့ရှိသလို BTS အဖွဲ့ဝင် Jin ဆီကနေ လည်း ရခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ Jin ဟာ သူ အမေရိကန်မှာ ဖျော်ဖြေမှုပြုလုပ်စဉ် ကျွန်တော့်အတွက် ဝိုင်ပုလင်း လက်ဆောင်ဝယ် ပေးခဲ့ပါတယ်။ ကျွန်တော့် သူ့ကို အရမ်းခင်ခဲ့ပြီး ကျွန်တော်တို့တွေ တော်တော်လေး နီးစပ်သွားခဲ့ကြ ပါတယ်။ ကျွန်တော်တို့ နှစ်ဦးစလုံးဟာ ငါးမြားတာကို နှစ်သက်တာကြောင့် အားတဲ့အခါတွေမှာ ငါး မြားလေ့ရှိကြပါတယ်” လို့ Lee Yeon-bok က ပြောခဲ့ပါတယ်။

ဒါ့အပြင် Lee Yeon-bok က မကြာသေးခင်ကလည်း Jin ဟာ ကျွန်တော့်ရဲ့ တောင်းဆိုမှုကြောင့် အိမ် ကို အလည်လာခဲ့ပါသေးတယ်လို့ ပြောခဲ့ပါတယ်။

“ ကျွန်တော့် မြေးတစ်ဦးဟာ ARMY ဖြစ်ပါတယ်။ Jin နဲ့သာခင်ပေမယ့် ဒီကိစ္စကြောင့်တော့ သူ့ကို ဝန်မဖြစ်စေပါဘူး။ ဒါပေမဲ့ မကြာသေးခင်က အဖွဲ့ရဲ့ Album အသစ်ထွက်တော့ ငါ့ရဲ့ မြေးအတွက် မင်းရဲ့ လက်မှတ်ထိုးထားတဲ့ Album ရနိုင်မလားလို့ တောင်းဆိုခဲ့ပါတယ်။ Jin က အမြဲတမ်း ဒီလိုပါပဲ… သေချာတာပေါ့..မနက်ဖြန်လာပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

BTS အဖွဲ့ အွန်လိုင်း Concert ပြီးတဲ့နေ့မှာ Jin ဟာ ကျွန်တော်တို့ အိမ် ပေါက်ချလာခဲ့ပြီး ကျွန်တော့်ရဲ့ မြေးကို Album လက်ဆောင်လာပေးခဲ့ပါတယ်။ သူဟာ အဲဒီနေ့က ချစ်စရာကောင်းတဲ့ Apple ဆံပင် လေးနဲ့ပါ။ မြေးဖြစ်သူအတွက် အခုလို လုပ်ပေးတဲ့ Jin ကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေတာ ပါ” လို့ Lee Yeon-bok က ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page