K pop

■ Trainee နေ့တွေတုန်းက SM မှာ အဓိက သင်ယူခဲ့တဲ့ အရာနှစ်ခုကို ပြောကြားခဲ့ဖူးတဲ့ Baekhyun

— လက်ရှိအချိန်မှာ စစ်မှုတာဝန်ထမ်းဆောင်နေတဲ့ Baekhyun ဟာ Trainee နေ့တွေတုန်းက SM Entertainment မှာ အဓိက သင်ယူခဲ့တဲ့ အရာ(၂)ခုကို …

Baekhyun ဟာ tvN’s You Quiz on the Block အစီအစဉ်မှာပါဝင်ခဲ့တုန်းက ပရိသတ်တွေနဲ့ သူ့ကြားက Relationship အကြောင်းတွေအပါအဝင် အတိတ်က အကြောင်းအချို့တွေကို ထုတ်ဖော် ပြောဆိုခဲ့တာပါ။

Baekhyun က သူ့အနေနဲ့ Idol ဘဝအစမှ ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ တဖြည်းဖြည်း ပရိသတ်တွေဟာ သူ့ရဲ့သူငယ်ချင်းတွေလိုခံစားရလာပါတယ်လို့ ဆိုပါတယ်။ Host တွေက Baekhyun ကို Training နေ့တွေတုန်းအကြောင်းကို မေးမြန်းတဲ့အခါမှာတော့ Baekhyun က သူ့အနေနဲ့ SM မှာ အဓိကအကြောင်းအရာနှစ်ခုကို သင်ယူခဲ့တာကို မှတ်မိပါသေးတယ်လို့ ဆိုပါတယ်။

Baekyun က ပထမဆုံးတစ်ခုမှာ ကိုရီးယားယဉ်ကျေးမှုအရ ကောင်းမွန်စွာဦးညွှတ်နှုတ်ဆက်တတ်ဖို့သင်ယူခဲ့ ရတယ်လို့ ပြောပါတယ်။ ရိုသေသမှုနဲ့ပြသတဲ့အမူအယာဟာ ကောင်းမွန်တဲ့လူတစ်ဦးကိုဖော်ညွှန်းတာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ စီနီယာ၊ ဂျူနီယာအားလုံးကို ဒီလိုအမူအယာနဲ့ နှုတ်ဆက်လေ့ရှိတာကြောင့် ကောင်းမွန်တဲ့ တုံ့ပြန်ချက်အမြင်တွေပြန်ရခဲ့တယ်လို့ Baekhyun က ပြောခဲ့ပါတယ်။

နောက်တစ်ခုကတော့ အပင်မြင့်လေ လေတိုက်လေဆိုသလို ပိုပြီးအောင်မြင်လာလေ ဝေဖန်တိုက်ခိုက်မှုတွေပို များလာမယ့်အကြောင်းကို သင်ယူခဲ့ရပါတယ်လို့ Baekhyun က ဆိုပါတယ်။ သူတို့ရဲ့ ကုမ္ပဏီဟာ လူတွေကို အမြဲတမ်းသတိထားဖို့နဲ့ တစ်စုံတစ်ရာသံသယဖြစ်ဖွယ်ရှိရင် ကုမ္ပဏီကိုအကူအညီတောင်းပြီး ဖြေရှင်းလို့ရတယ် ဆိုတာ ပြောခဲ့တယ်လို့ Baekhyun က ပြောကြားခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page