K pop

■ ပထမဆုံးစတိတ်ဖျော်ဖြေမှုမှာ “ဝက်မ စင်ပေါ်က ဆင်းသွားစမ်း”လို့ အအော်ခံခဲ့ရတဲ့ IU

— – – ပထမဆုံး ဖျော်ဖြေမှုမှာ ပရိသတ်တွေရဲ့ ကြမ်းတမ်းဆဲဆိုသံတွေက IU ကို စင်ပေါ်က ဆင်းပြေးသွားချင်အောင် ….

ငယ်စဉ်က အဘွားဖြစ်သူရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့ရတဲ IU ဟာ အဆိုတော်ဖြစ်ဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရသလို၊ အဆိုတော် ဖြစ်လာချိန်မှာလည်း မျက်ရည်များစွာနဲ့ အောင်မြင်ဖို့အတွက် အတော်လေးကြိုးစားခဲ့ရတာပါ။

IU ရဲ့ ပထမဆုံး စတိတ်စင်ဖျော်ဖြေမှုကတော့ အတော်လေး ကသောင်းကနင်းနိုင်ဖို့ ပွဲထွက်ပြီးနောက် ပထမဆုံးငိုခဲ့ရတဲ့ စတိတ်ဖျော်ဖြေမှုဖြစ်ခဲ့ပါတယ်။

“ကျွန်မ အဆိုတော်အဖြစ် ပွဲထွက်တော့ ပထမဆုံးစတိတ်ဖျော်ဖြေမှုအဖြစ် Cable Music Program မှာ စတင်ခဲ့ပါတယ်။ ကျွန်မရဲ့ ပွဲထွက်စတိတ်ဖျော်ဖြေမှုဆိုတော့ အရမ်းစိတ်လှုပ်ရှားတာပေါ့။ မဖျော်ဖြေခင်ကတည်းက တစ်နေ့လုံး စိတ်လှုပ်ရှားခဲ့တာပါ။ အဲဒီနေ့က အဲဒီဖျော်ဖြေပွဲမှာ အမျိုးသားအဖွဲ့တွေ အရမ်းများပါတယ်။ ဒီတော့ မိန်းကလေးပရိသတ်တွေ ချည်းပါပဲ။

ကျွန်မလည်း သီချင်းစဆိုတာနဲ့ ဆဲသံတွေ၊ ကျိန်ဆဲသံတွေ ထွက်လာတော့တာပါပဲ။ ကျွန်မ ဆိုတဲ့ သီချင်းက ငြိမ့်ညောင်းတဲ့ Ballad သီချင်းဖြစ်လို့ အားလုံး ကျွန်မ ရှင်းရှင်းလင်းလင်းကြားရပါတယ်။ တစ်ယောက်ချင်းစီရဲ့ ဆဲသံတွေ အားလုံးကို ကြားရပြီး အဲဒီမှာ ပရိသတ်တစ်ယောက် “ဝက်မ”ဆိုပြီး ကျွန်မကို အော်ဟစ်ခဲ့ပါတယ်။ ပွဲထွက်စတုန်းက ကျွန်မ တော်တော်လေး ဝပါတယ်။ ပြီးတော့ “စင်ပေါ်က ဆင်းသွားစမ်း၊ ထွက်သွားစမ်း”ဆိုတဲ့ အသံတွေ အားလုံးကို ကျွန်မ ကြားရပါတယ်” -IU

IU အနေနဲ့ သီချင်းကို ပြီးဆုံးအောင် အားတင်းဖျော်ဖြေနိုင်ခဲ့ပါတယ်။ (၃) မိနစ်စာလောက် ဖျော်ဖြေရတဲ့ အဲဒီသီချင်း ဖျော်ဖြေမှုဟာ သူမအတွက် မပြီးစီးနိုင်တဲ့ ထာဝရလိုတောင် ဖြစ်ခဲ့ရတာပါ။ IU ဟာ “Mia”ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ခဲ့ပြီး ပထမဆုံးစတိတ်မှာတင် ဆဲဆိုခံခဲ့ရလို့ မျှော်လင့်ချက်တွေတောင် ပျောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: Strong Heart

 

-Zawgyi

■ ပထမဆုံးစတိတ္ေဖ်ာ္ေျဖမႈမွာ “ဝက္မ စင္ေပၚက ဆင္းသြားစမ္း”လုိ႔ အေအာ္ခံခဲ့ရတဲ့ IU

— – – ပထမဆုံး ေဖ်ာ္ေျဖမႈမွာ ပရိသတ္ေတြရဲ႕ ၾကမ္းတမ္းဆဲဆုိသံေတြက IU ကုိ စင္ေပၚက ဆင္းေျပးသြားခ်င္ေအာင္ ….

ငယ္စဥ္က အဘြားျဖစ္သူရဲ႕ ေစာင့္ေရွာက္မႈနဲ႔ ႀကီးျပင္းခဲ့ရတဲ IU ဟာ အဆုိေတာ္ျဖစ္ဖုိ႔ ခက္ခဲစြာ ႐ုန္းကန္ခဲ့ရသလုိ၊ အဆုိေတာ္ ျဖစ္လာခ်ိန္မွာလည္း မ်က္ရည္မ်ားစြာနဲ႔ ေအာင္ျမင္ဖုိ႔အတြက္ အေတာ္ေလးႀကိဳးစားခဲ့ရတာပါ။

IU ရဲ႕ ပထမဆုံး စတိတ္စင္ေဖ်ာ္ေျဖမႈကေတာ့ အေတာ္ေလး ကေသာင္းကနင္းႏုိင္ဖုိ႔ ပဲြထြက္ၿပီးေနာက္ ပထမဆုံးငုိခဲ့ရတဲ့ စတိတ္ေဖ်ာ္ေျဖမႈျဖစ္ခဲ့ပါတယ္။

“ကၽြန္မ အဆုိေတာ္အျဖစ္ ပဲြထြက္ေတာ့ ပထမဆုံးစတိတ္ေဖ်ာ္ေျဖမႈအျဖစ္ Cable Music Program မွာ စတင္ခဲ့ပါတယ္။ ကၽြန္မရဲ႕ ပဲြထြက္စတိတ္ေဖ်ာ္ေျဖမႈဆုိေတာ့ အရမ္းစိတ္လႈပ္ရွားတာေပါ့။ မေဖ်ာ္ေျဖခင္ကတည္းက တစ္ေန႔လုံး စိတ္လႈပ္ရွားခဲ့တာပါ။ အဲဒီေန႔က အဲဒီေဖ်ာ္ေျဖပဲြမွာ အမ်ဳိးသားအဖဲြ႕ေတြ အရမ္းမ်ားပါတယ္။ ဒီေတာ့ မိန္းကေလးပရိသတ္ေတြ ခ်ည္းပါပဲ။

ကၽြန္မလည္း သီခ်င္းစဆုိတာနဲ႔ ဆဲသံေတြ၊ က်ိန္ဆဲသံေတြ ထြက္လာေတာ့တာပါပဲ။ ကၽြန္မ ဆုိတဲ့ သီခ်င္းက ၿငိမ့္ေညာင္းတဲ့ Ballad သီခ်င္းျဖစ္လုိ႔ အားလုံး ကၽြန္မ ရွင္းရွင္းလင္းလင္းၾကားရပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ ဆဲသံေတြ အားလုံးကုိ ၾကားရၿပီး အဲဒီမွာ ပရိသတ္တစ္ေယာက္ “၀က္မ”ဆုိၿပီး ကၽြန္မကုိ ေအာ္ဟစ္ခဲ့ပါတယ္။ ပဲြထြက္စတုန္းက ကၽြန္မ ေတာ္ေတာ္ေလး ၀ပါတယ္။ ၿပီးေတာ့ “စင္ေပၚက ဆင္းသြားစမ္း၊ ထြက္သြားစမ္း”ဆုိတဲ့ အသံေတြ အားလုံးကုိ ကၽြန္မ ၾကားရပါတယ္” -IU

IU အေနနဲ႔ သီခ်င္းကုိ ၿပီးဆုံးေအာင္ အားတင္းေဖ်ာ္ေျဖႏုိင္ခဲ့ပါတယ္။ (၃) မိနစ္စာေလာက္ ေဖ်ာ္ေျဖရတဲ့ အဲဒီသီခ်င္း ေဖ်ာ္ေျဖမႈဟာ သူမအတြက္ မၿပီးစီးႏုိင္တဲ့ ထာ၀ရလုိေတာင္ ျဖစ္ခဲ့ရတာပါ။ IU ဟာ “Mia”ဆုိတဲ့ သီခ်င္းနဲ႔ ပဲြထြက္ခဲ့ၿပီး ပထမဆုံးစတိတ္မွာတင္ ဆဲဆုိခံခဲ့ရလုိ႔ ေမွ်ာ္လင့္ခ်က္ေတြေတာင္ ေပ်ာက္သြားခဲ့ရတယ္လုိ႔ ဆုိပါတယ္။

— ဃဲ
Ref: Strong Heart

You cannot copy content of this page