K pop

■ SM သင်တန်းသားဘဝကို ပြန်ပြောင်းပြောပြခဲ့တဲ့ EXO အဖွဲ့ဝင်ဟောင်း Tao (၁)

— – – Tao ဟာ မူလက EXO အဖွဲ့ဝင်အဖြစ် ပွဲထွက်ဖို့ ဆန္ဒ …

K-Pop idol ဖြစ်ဖို့ လေ့ကျင့်ရတာဟာ အင်မတိ အင်မတန်ကို ခက်ခဲပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေအတွက် K-Pop idol သင်တန်းသားဘဝဟာ အရမ်းကို ဖိအားများတဲ့ ကာလတစ်ခုပါ။

EXO အဖွဲ့ဝင်ဟောင်း Tao က ကိုရီးယားနာမည်ကြီး SM Entertainment မှာ သူကြုံတွေ့ခဲ့ရတဲ့ သင်တန်းသားဘ၀ အတွေ့အကြုံတွေကို ပြန်ပြောင်းပြောခဲ့ပြီး ဒါက Idol အိပ်မက်မက်နေသူတွေ၊ Idol တွေရဲ့ သင်တန်းသားဘဝ ဖြတ်သန်းပုံတွေကို သိချင်သူတွေအတွက် အံ့ကိုက်ဖြစ်ပါလိမ့်မယ်။

Tao ဟာ တရုတ်မှာပြုလုပ်တဲ့ SM Entertainment Audition အောင်မြင်ပြီးနောက်မှာ တောင်ကိုရီးယားကို K-Pop idol အိပ်မက်အတွက် ထွက်ခွာလာခဲ့ပါတယ်။ ဒါက အသက် (၁၇)နှစ်အရွယ် ကောင်လေး Tao အတွက် ပထမဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းဖြစ်ပြီး နယ်မြေသစ်မှာ ဘယ်တွေဖြစ်မလာလဲ ဆိုတဲ့ အတွေးနဲ့ ကြောက်နေခဲ့ရှာတာပါ။

မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို တိုးဝင်ရတော့မယ်။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲရတော့မယ်။ အဲဒီအတွေးက Tao ရဲ့ ရင်ထဲကို ပူပူလောင်လောင်တိုးဝင်နေတယ်။ ပြီးတော့ Tao က စိတ်ခံစားချက် အလွန်ပြင်းထန်ပြီး Sensitive ဖြစ်တတ်သူ။

ပထမဆုံး လေယာဉ်စီးဖူးခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားဖြစ်တဲ့ တောင်ကိုရီးယားကို ရောက်လာချိန်မှာတော့ Tao ဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူ ကိုရီးယား မပြောတတ်ဘူး။ ဒီတော့ သူ့ခမျာ စားချင်တောင် မှာစားလို့ မရဘူး။

“ကျွန်တော် တခြားလူတွေနဲ့ စကားပြောဖို့ ကြိုးစားပေမယ့် အဆင်မပြေဘူး။ သူတို့နဲ့အက လေ့ကျင့်ချင်တယ်။ အကျွမ်းတဝင် ဖြစ်ချင်တယ်။ ဒါပေမဲ့ ကိုယ်က သူတို့စကားမပြောတတ်တော့ အဆင်မပြေဘူး။ လူတွေနဲ့ ဆက်သွယ်လို့ မရတာက နှိပ်စက်ခံရတာနဲ့ အတူတူပါပဲ။ တစ်ခါတလေ ကိုယ်ခံစားရတာတွေကို ပြောချင်ပေမယ့် ကိုယ့်စကားကို ဘယ်သူမှ နားမလည်ဘူး။ ဒါက အရမ်းဆိုးပါတယ်”- Tao

Tao ဟာ ကိုရီးယားကို အစွမ်းကုန်ကြိုးစားပြီး သင်ယူပေမယ့် (၃)၊ (၄)လလောက်အထိ သူဟာ စကားပြောနိုင်ဖို့ အတော်လေး ရုန်းကန်းခဲ့ရပါတယ်။ ဒါပေမဲ့ Tao ဟာ သူ့ခံစားချက်တွေနဲ့ နာကျင်မှုတွေကို ကြိတ်မှိတ်ပြီး အချိန်ရှိသမျှ အကောင်းဆုံး Performer တစ်ယောက်ဖြစ်ပြီး အစွမ်းကုန်လေ့ကျင့်ခဲ့ပါတယ်။

“ကျွန်တော် သီချင်းတွေ ဆိုတယ်။ အကလေ့ကျင့်ခန်းတွေ လုပ်တယ်။ ပြီးတော့ အဆို ပြန်လေ့ကျင့်တယ်။ ဆက်ပြီးတော့ အက လေ့ကျင့်တယ်။ တစ်နေ့ တစ်နေ့ကို အဲဒီလို အကြိမ်ပေါင်းများစွာပေါ့။ ကျွန်တော် SM သင်တန်းသားဘဝတုန်းကတော့ တစ်နေ့ကို ၅ နာရီ၊ ၆ နာရီလောက် အိပ်ပါတယ်။ ဒါပေမဲ့ အိပ်ချိန်က ကိုယ်နဲ့ သက်ဆိုင်ပါတယ်။ ကိုယ် ကောင်းကောင်း လုပ်နိုင်ရင် အချိန်ပိုထွက်မယ်။ ကျွန်တော်ကတော့ အနားယူဖို့ လိုအပ်တဲ့ နေ့တွေဆို နည်းနည်း ပိုအိပ်တယ်”- Tao

သင်တန်းသားဘဝတုန်းက Tao မှာ သူငယ်ချင်းတွေ လျှောက်လည်တာတို့၊ ကိုယ်ပိုင် အားလပ်ချိန်တို့ ဆိုတာတွေ မရှိခဲ့ပါဘူး။ နံနက် မျက်လုံးဖွင့်တဲ့ အချိန်ကနေ မျက်စီမှိတ်တဲ့ အချိန်အထိ အဆို၊ အက လေ့ကျင့်ခန်းတွေနဲ့ ပြီးနေခဲ့တာပါ။ အဲဒီတုန်းက အဆိုနဲ့ အကက Tao ရဲ့ ဘဝဖြစ်ခဲ့တာကို။

K-pop Industry ရဲ့ သင်တန်းသားဘဝကို အရမ်းကို ခက်ခဲပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရည်ချောမောတဲ့ ကောင်လေးတွေနဲ့ ကောင်မလေးတွေဟာ သင်တန်းသားတွေ ဖြစ်လာခဲ့ကြတယ်။ နိုင်ငံခြားသားတွေကတော့ အိမ်နဲ့ နှစ်ပေါင်းများစွာ ခွဲခွာနေထိုင်ရပြီး တစ်လပြီး တစ်လ အိပ်မက်တွေ ပြုတ်ကျသွားနိုင်တဲ့ အကဲဖြတ်မှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတယ်။ အဲဒီမှာ အဆင်မပြေရင် အထုပ်ပြင် အိမ်ပြန်တော့ပဲ။

– ဆက်လက်ဖော်ပြပါမည်

You cannot copy content of this page