Cele

■ Boki နဲ့အတူ စားကြမယ်

— – – နတ်မိမယ်လေးနဲ့အတူ စားချင်ခွင့်ရမယ့်အခွင့်အရေးကို ခင်ဗျား ငြင်းပယ်နိုင်မယ်တော့ ….။

ကိုရီးယား You Tuber တွေကြားမှာ Boki လို့ ခေါ်တဲ့ ကောင်မလေးက ထင်ပေါ်သူလို့ ပြောရမယ်။ သူမရဲ့ စက်စက်ယို လှပတဲ့ ရုပ်ရည်ရူပကာကြောင့် အင်တာနက်အသုံးပြုသူတွေကြားမှာတော့ Boki က ထင်ရှားပါတယ်။

Mukbang You Tuber ဆိုတာ အလုပ်များတဲ့ ကိုရီးယားတွေအတွက်တော့ သူငယ်ချင်းတွေပါပဲ။ အလုပ်ရှုပ်ပြီး တစ်ယောက်တည်း စားသောက်ရတာ စိတ်ပျက်စရာပါ။

လူတွေက အစားအသောက်တွေ စားသောက်တဲ့အခါ မိသားစု၊ သူငယ်ချင်း၊ ဘော်ဒါတွေကို တမ်းတလေ့ရှိကြတယ်။ တစ်ယောက်တည်းဆိုရင် အဖော်မဲ့သလို ခံစားရတာကို။ ဒီကွက်လပ်ကို Mukbang You Tuber က ဖြည့်ပေးနိုင်ပါတယ်။

အချောအလှလေးနဲ့အတူ စားသောက်ခွင့်ရမယ်ဆိုရင်တော့ ခင်ဗျားက ကံကောင်းသူပေါ့ဗျာ။ Mukbang You Tuber လေး Boki ကတော့ ဘယ်အချိန်မဆို ခင်ဗျား လိုအပ်တဲ့ အချိန်တိုင်း ခင်ဗျားနဲ့ အတူ စားဖို့ အသင့်ရှိနေပါတယ်။

Boki ဘယ်လောက်ချောတယ်ဆိုတာတော့ အရမ်းလှပါတယ်ဆိုတဲ့ အမျိုးသမီး Idol တွေလောက်ကို ချောတာပါ။ ဒါကြောင့် Boki ဟာ နာမည်ကျော်နေတာဖြစ်ပြီး သူမရဲ့ “Eat With Boki” Youtube channel ကို subscribe လုပ်ထားသူပေါင်း (၄) သန်းနီးပါး ရှိတာက သက်သေပါပဲ။

Boki က စားချင်စိတ်မရှိဘူးဖြစ်နေတယ်ဆိုရင်တောင် ခင်ဗျားကို စားချင်သောက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာအောင် စားပြပါလိမ့်မယ်။ ဒီတော့ စားသောက်တဲ့အခါ တစ်ယောက်တည်းဖြစ်နေပါသလား Boki နဲ့သာ အတူစားလိုက်ပါဗျာ။

— ဃဲ
Ref: Eat With Boki

You cannot copy content of this page