K pop

■ အမျိုးသား K-pop Idol နဲ့ Cele တွေ ဘာကြောင့် စစ်မှုထမ်းရတာလဲ ?

— – – နိုင်ငံအများစု၊ အထူးသဖြင့် အနောက်နိုင်ငံတွေက စစ်မှုထမ်းတာက ကိုယ့်သဘောအတိုင်းပါပဲ။ ကိုရီးယားမှာလည်း တချို့က ကင်းလွတ်ခွင့်ရနေပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ …

ကမ္ဘာနိုင်ငံတော်တော်များများ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ကိုယ့်သဘောအရသာ စစ်မှုထမ်းရပေမယ့် ကိုရီးယားမှာတော့ မရပါဘူး။ တောင်ကိုရီးယားမှာ ၁၉၅၇ ခုနှစ်ကတည်းက အမျိုးသားတိုင်း စစ်မှုထမ်းရမယ်လို့ ဥပဒေသတ်မှတ်ခဲ့ပါတယ်။

အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း အမျိုးသားတိုင်းဟာ နိုင်ငံအတွက် (၂)နှစ် (စစ်မှုထမ်းတဲ့ တပ်အပေါ် မူတည်ပြီး လကွာခြားမှုရှိပါတယ်) စစ်မှုထမ်းရမှာဖြစ်ပါတယ်။

ကျန်းမာသန်းစွမ်းတဲ့ အမျိုးသားတိုင်းဟာ Active (စစ်တပ်မှာ တာဝန်ထမ်းဆောင်မှု)အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ခန္ဓာကြံ့ခိုင်မှု မပြည့်ဝတဲ့ သူတွေကတော့ Non-duty (ရုံးအလုပ်) တာဝန်တွေကို ထမ်းဆောင်ရမှာပါ။

ဘယ်လိုမှ တာဝန်ထမ်းဆောင်ဖို့ မဖြစ်နိုင်သူတွေကိုတော့ ကင်းလွတ်ခွင့်ပေးပြီး စစ်မှုတာဝန်ထမ်းဆောင်ခြင်းမရှိတဲ့ အမျိုးသားတွေဟာ တကယ်တော့ ကိုရီးယားမှာ လူရာမဝင်ပါဘူး။ ခြွင်းချက်အနေနဲ့ အားကစားသမားတွေကို အခွင့်အရေး ပေးထားတာ ရှိပါတယ်။

သူတို့အနေနဲ့ ကမ္ဘာ့အဆင့်၊ အာရှပြိုင်ပွဲတွေမှာ သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရရင် စစ်မှုထမ်းတာဝန်ကို ကင်းလွတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုံးစုံတော့ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီလိုကင်းလွတ်ခွင့်ရခဲ့ရင်တောင် အနည်းဆုံး နှစ်ပတ်တော့ စစ်မှုတာဝန်ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မေလမှာတော့ ကိုရီးယားအာဏာပိုင်တွေဟာ စစ်မှုထမ်းမယ့်သူတွေကို အသက် (၂၈)နဲ့အထက် (ပြောရရင် အသက် ၃၀ မပြည့်ခင်) စစ်မှုထမ်းရမယ်လို့ ကြေညာခဲ့ပါတယ်။ စစ်မှုကင်းလွတ်ခွင့်မှာ နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေသာ ပါဝင်ပြီး အနုပညာရှင်တွေနဲ့ K-pop Idol တွေ ပါဝင်ခြင်း မရှိပါဘူး။

လက်ရှိမှာ Idol တွေကို စစ်မှုကင်းလွတ်ခွင့်မပေးပေမယ့် စစ်မှုထမ်းတာဝန်ကို ရွှေ့ဆိုင်းခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page