— – – ကိုယ်နဲ့မသိသူကို မင်း ဝင်ငွေ ဘယ်လောက်ရလဲဆိုတဲ့ မေးခွန်းမျိုး ဒီမှာ မေးလေ့မရှိပေမယ့် ကိုရီးယားမှာတော့ အဲဒီမေးခွန်းက မေးနေကျဖြစ်ပါသတဲ့။
ကိုရီးယားလူမျိုးတွေဟာ ကမ္ဘာနိုင်ငံတော်တော်များများရဲ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေးခွန်းတွေကို မေးလေ့ရှိပြီး ဒါက သူတို့ရဲ့ Culture ကို နားမလည်သေးသူအတွက် အထင်လွဲစရာတွေ ဖြစ်ပါတယ်။
ကိုရီးယားတွေ မေးလေ့ရှိတဲ့ မေးခွန်း (၃)ခုကတော့ “မင်း အသက် ဘယ်လောက်ရှိပြီလဲ” “မင်း ဝင်ငွေ ဘယ်လောက်ရလဲ” “မင်း လက်ထပ်ပြီးပြီလား”ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေဟာ နိုင်ငံတော်တော်များများမှာ ရိုင်းတယ်လို့ သတ်မှတ်ထားပေမယ့် ကိုရီးယားမှာတော့ ပုံမှန်မေးနေကျ မေးခွန်းတွေပါပဲ။
ဒါပေမဲ့ ကိုရီးယား Culture မှာ ဒီမေးခွန်းတွေကို မေးရလောက်တဲ့ အကြောင်းပြချက်က ရှိနေပါတယ်။ ကိုရီးယားတွေဟာ ဒီမေးခွန်းကို ရှုံချဖို့၊ ရယ်သွမ်းသွေးဖို့၊ နှိုင်းယှဉ်ဖို့ မေးတာမျိုးမဟုတ်ဘဲ စကားပြောတဲ့အခါ စကားပြော Level ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။
ကိုရီးယားတွေ စကားပြော Level တွေကို အရမ်းသတိထားသူတွေဖြစ်ပြီး လူတွေနဲ့ စကားပြောတဲ့အခါ စကားပြော Level တွေကို တိကျစွာပြောဆိုနိုင်ဖို့အတွက် အဲဒီမေးခွန်းတွေကို မေးရခြင်းဖြစ်ပါတယ်။ ဒါမှာ ပြောဆိုဆက်ဆံရမှာ တစ်ဖက်သားနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်မယ်လို့ ကိုရီးယားတွေ ယူဆတာကြောင့်ပါ။
— ဃဲ
Ref: Koreaboo & Photo Credit.