K pop

■ BLACKPINK Jennie နဲ့ ရင်းနှီးတဲ့ နာမည်ကျော်များ

— – – ပရိသတ်တွေအတွက် ကိုယ့်ချစ်တဲ့ အနုပညာတွေ သူငယ်ချင်းဖြစ်ပြီး ခင်မင်ရင်းနှီးတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ Jennie နဲ့ ရင်းနှီးချစ်ခင်ကြတဲ့ နာမည်ကျော်တွေကတော့ …

၂၀၁၆ မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုနာမည်ကျော်ကြားလာပြီး Jennie ဟာလည်း ပရိသတ်တွေရဲ့ အချစ်ဆုံးကောင်မလေးတစ်ယောက် ဖြစ်သလို၊ သူ့လို Cele တွေနဲ့ ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်ပါတယ်။

Willow & Jaden Smith


2019 Coachella မှာ Jennie ဟာ နာမည်ကျော်အဆိုတော်၊ မင်းသား Will Smith တို့ မိသားစုနဲ့ တွေ့ဆိုခဲ့ပြီး Willow & Jaden Smith တို့နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ အောက်တိုဘာမှာ Jennie ဟာ Willow ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့သလို၊ Kendall Jenner ရဲ့ Halloween party ကိုလည်း Willow & Jaden Smith တို့ မောင်နှမနဲ့အတူ တက်ရောက်ခဲ့တာပါ။

 

Dua Lipa


Jennie ဟာ Dua Lipa ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဆိုးလ်မှာ သူတို့ တွေ့ဆုံခဲ့ပြီးနောက် Dua Lipa နဲ့ Collaborate လုပ်ခဲ့တာပါ။ Dua Lipa ပါ BLACKPINK အဖွဲ့ဝင်တွေ အထူးသဖြင့် Jennie နဲ့ အရမ်းရင်းနှီးကြောင်း ထုတ်ပြောခဲ့ပါတယ်။

 

Kim Go Eun


Goblin မင်းသမီး Kim Go Eun နဲ့ Jennie တို့ဟာ Chanel Ambassador ဖြစ်ပြီး အဲဒီပွဲတွေမှာ တွေ့ဆုံပြီး သူငယ်ချင်း ဖြစ်ခဲ့ပုံပါပဲ။ Kim Go Eun ဟာ 2019 Coachella မှာ BLACKPINK အဖွဲ့ကို ကိုယ်တိုင်သွားရောက်အားပေးခဲ့တာပါ။

 

Billie Eilish


Billie Eilish နဲ့ Jennie ရဲ့ ဆက်ဆံရေးကို သိပ်ပြီး များများစားစား မသိရပါဘူး။ ဒါပေမဲ့ သူတို့ဟာ Coachella တွေ့ဆုံခဲ့ပြီး Jennie က Billie Eilish နှစ်ယောက်သား ကျစ်ကျစ်ပါအောင် ဖက်ထားတဲ့ ပုံတစ်ပုံကို တင်ခဲ့တာပါ။ သူတို့ဟာ အဲဒီကတည်းက ဒီနေ့အထိ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။

 

Im Soo Hyang


Im Soo Hyang နဲ့က Variety Show တစ်ခုဖြစ်တဲ့ Village Survival, the Eight မှာ ဆုံတွေ့ခဲ့တာပါ။ အဲဒီနောက်မှာ သူတို့ အတူတူ လျှောက်လည်ခဲ့တာတွေ ရှိပြီး Im Soo Hyang က BLACKPINK Concert တွေကို တက်ရောက်လေ့ရှိသလို၊ Jennie ကလည်း Im Soo Hyang ကို Kill This Love Album ထွက်တုန်းက လက်ဆောင်ပေးခဲ့ပါသေးတယ်။

 

Peniel BTOB


BTOB အဖွဲ့ဝင် Peniel နဲ့ Jennie တို့ဟာ ပွဲမထွက်ခင်ကတည်းက သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကိုတော့ တွေ့ရခဲပြီး Music Show တွေမှာပဲ တွေ့ရပြီး Jentle Home ပွဲကိုလည်း Peniel တက်ရောက်ခဲ့ပါတယ်။

 

Nayeon & Irene


TWICE အဖွဲ့ဝင် Nayeon နဲ့ Jennie က သင်တန်းသူဘဝတုန်းက ရင်းနှီးခဲ့ကြတာဖြစ်ပြီး အဆင်ပြေတဲ့အခါမျိုးမှာ အတူတူ စားသောက်လေ့ရှိပါတယ်။ Irene နဲ့ကတော့ အလှပြင်ဆိုင်မှာ တွေ့ခဲ့တာဖြစ်ပြီး Jennie ကစပြီး မိတ်ဖွဲ့ကာ အဲဒီကတည်းက သူတို့ဟာ ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။

Ariana Grande


Ariana Grande နဲ့ မတွေ့ခင်ကတည်းက Jennie ဟာ Ariana Grande ရဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၇ မှာ Ariana Grande ရဲ့ Concert ကို Jennie တက်ရောက်ခဲ့ပြီး 2019 Coachella မှာ သူတို့ စတွေ့ခဲ့ကြပါတယ်။ ၂၀၁၉ အောက်တိုဘာမှာ Jennie ဟာ မိသားစုတွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုသာ ဖိတ်တဲ့ Ariana Grande ရဲ့ private Halloween party ကို တက်ရောက်ခဲ့ပါတယ်။

— ဃဲ
Ref: SB

You cannot copy content of this page